Sunday 25 January 2015

PTC ဆိုဒ်တွေမှာ အကောင့်တခုထက်ပိုပြီး သုံးမယ်ဆိုရင်

PTC ဆိုဒ်တွေမှာ အကောင့်တစ်ခုထက်ပိုပြီးသုံးမယ်ဆိုရင်
မြန်မာကနေ PTC ဆိုဒ်တွေမှာ ကြော်ငြာကြည့်တဲ့သူတွေမှာ အိုင်ပီလိပ်စာတူတယ်ဆိုပြီး ကြောငြာကြည့်လို့ မရတာတော့ တော်တော်များများ ကြုံဖူးကြမှာပါ။ အိုင်ပီလိပ်စာတူတယ်ဆိုရင် အဲဒီနေ့အတွက် ကိုယ်က ကြော်ငြာကြည့်လို့ မရတာတဲ့အတွက် ၀င်ငွေမရတာပဲရှိတာပါ။ အိုင်ပီတူတယ်ဆိုပြီးတော့ ကိုယ့်အကောင့်ကို ပိတ်လိုက်တာ၊ ဘမ်းလိုက်တာမျိုး မရှိပါဘူး။ 

အိုင်ပီတူတယ်ဆိုတဲ့ စာတန်းကို ခဏခဏ တွေ့ရပြီးတော့ နောက်ရက်ကျရင်လဲ ကိုယ့်အကောင့်ကို ၀င်လို့အဆင်ပြေပါတယ်။ အဲဒါဆိုတော့ အိုင်ပီတူတဲ့အတွက် အကောင့်ကို မပိတ်ဘူး၊ မဘမ်းဘူးဆိုတာ ပိုပြီးသေချာစေပါတယ်။

PTC ဆိုဒ်တွေက ဘယ်အိုင်ပီလိပ်စာတွေကနေ ဘယ်အကောင့်နဲ့ ကြော်ငြာတွေကို ကြည့်နေတာလဲဆိုတာကို မှတ်ထားတယ်ဆိုတာတော့ သေချာပါတယ်။ 

PTC ဆိုဒ်တွေရဲ့ စည်းကမ်းချက်တွေမှာ အိုင်ပီလိပ်စာအတူတူကနေ ကြော်ငြာကြည့်မယ်ဆိုရင် ပထမဆုံးတစ်ယောက်ပဲ ကြော်ငြာကြည့်ခရမယ်ဆိုပြီး ပါပါတယ်။ အကောင့်ကို ပိတ်မယ်ဆိုပြီးတော့ မပါပါဘူး။ အဲဒါအပြင် ကွန်ပြူတာတစ်လုံးကို အကောင့်တစ်ခုနှုန်းဆိုပြီးတော့လဲ ပါပါတယ်။ တစ်ခုနှုန်းထက်ပိုခဲ့ရင်တော့ အကောင့်တွေကို ပိတ်မယ်၊ ဘမ်းမယ်ဆိုပြီး ပါပါတယ်။
အဲဒီတော့ PTC ဆိုဒ်တွေကနေ ကိုယ်ဘယ်ကွန်ပြူတာကနေ အကောင့်လုပ်ပြီး သုံးနေတာလဲဆိုတာကိုပါ မှတ်ထားပါသေးတယ်။ 

PTC ဆိုဒ်တွေက ကိုယ်ဘယ်ကွန်ပြူတာကနေ သုံးနေတာလဲဆိုတာကို ဘယ်လိုလုပ်ပြီးသိနိုင်တာလဲ။
တကယ်တော့ PTC ဆိုဒ်တွေက ကိုယ်ဘယ်ကွန်ပြူတာကနေ သုံးနေတာလဲဆိုတာကို Media Access Control(MAC) Address ကနေတဆင့် သိနိုင်ပါတယ်။ Physical Address လို့လည်း ခေါ်ကြပါတယ်။ 

အလွယ်ပြောရရင်တော့ စက်ရုံကနေ Network Card ကို ထုတ်လိုက်ကတည်းက ပြောင်းလို့မရအောင် အသေထည့်ပေးလိုက်တဲ့ Serial number တစ်ခုပါပဲ။ အခုနောက်ပိုင်းထွက်လာတဲ့ Motherboard တွေမှာ LAN အတွက်ပါ Built-in ပါလာပြီးသားဖြစ်တဲ့အတွက် Motherboard Number လို့လည်း ခေါ်ကြပါတယ်။ ကိုယ့်ကွန်ပြူတာရဲ့ MAC Address ကို သိချင်ရင် ဒီလင့်မှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။

(တချို့ Network ကုမ္မဏီတွေမှာ အင်တာနက်သုံးဖို့ လျှောက်လွှာတင်ရင် MAC Address ကို တောင်းတတ်ပါတယ်။ ပြောင်းလို့မရတဲ့ Serial Number ဖြစ်တဲ့အတွက် နှစ်ယောက်ခွဲသုံးတာတို့၊ အခြားကွန်ပြူတာမှာ အဲဒီအကောင့်ကို သုံးတာတို့ဆိုရင် အင်တာနက်ကို ချိတ်ဆက်လို့ မရပါဘူး။)
PTC ဆိုဒ်မှာ အကောင့်တစ်ခုထက်ပိုပြီး ကလစ်နေတဲ့သူတွေက IP Address ကို ချိန်းရမယ်ဆိုတာတော့ သိကြပါတယ်။ ဒါပေမယ့် တချို့အိုင်ပီပြောင်းတဲ့ ဆော့ဝဲတွေက IP Address ကိုပဲ ပြောင်းပေးသွားတာပါ။ MAC Address ကိုတော့ ပြောင်းပေးနိုင်ခြင်းမရှိပါဘူး။ အဲဒီတော့ အပေါ်ကဖုံး၊ အောက်ကပေါ်ဖြစ်ပြီးတော့ အကောင့်တွေ ဘမ်းခံရတာပါ။

အဲဒီလို အကောင့်တစ်ခုထက်ပိုပြီးတော့ သုံးချင်တယ်ဆိုရင် VPN ဆော့ဝဲတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ VPN ဆော့ဝဲတွေကတော့ IP Address တွေအပြင် ကိုယ်ဘယ်ကွန်ပြူတာကနေ အသုံးပြုတယ်ဆိုတာကိုပါ ဖျောက်ပေးနိုင်ပါတယ်။ အင်တာနက်ထဲမှာ ဘယ်အိုင်ပီ၊ ဘယ်ကွန်ပြူတာကနေ ဘာတွေလုပ်နေတယ်၊ ဘယ်ဒေတာတွေကို ပို့နေတယ်ဆိုတာတွေအစ အရေးကြီးတဲ့သတင်းအချက်တွေကိုပါ အခြားသူက ကြားဖြတ်ပြီးတော့ ကြည့်လို့မရအောင်ကို ဖျောက်ပေးထားနိုင်စွမ်းရှိပါတယ်။

ဒါပေမယ့် VPN တွေက ၀ယ်ပြီးသုံးမှ ပိုပြီးတော့ စိတ်ချရပါတယ်။ Feature အကန့်အသတ်နဲ့ Free ပေးထားတာတွေလည်း ရှိပါတယ်။ VPN တွေအကြောင်းကို သိချင်ရင်တော့ ဒီလင့်မှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်နိုင်ပါတယ်။

တချို့ MAC Address ကိုပြောင်းပေးနိုင်တဲ့ ဆော့ဝဲတွေရှိပါတယ်။ ဒါပေမယ့် အဲဒီဆော့ဝဲတွေက စက်ရုံကနေထုတ်လိုက်ကတည်းက LAN Card မှာ အသေထည့်ပေးလိုက်တဲ့ MAC Address ကိုတော့ ပြောင်းလဲပေးနိုင်စွမ်းမရှိပါဘူး။ အပေါ်ယံကနေ Locally ပဲပြောင်းလဲပေးထားနိုင်တာပါ။ MAC Address ကို Locally ပြောင်းဖို့အတွက် ဆော့ဝဲကို မသုံးဘဲ ကိုယ်တိုင်လဲ အလွယ်တကူ ပြောင်းပေးနိုင်ပါတယ်။ အဲဒါကိုတော့ ဒီလင့်မှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။ ဆော့ဝဲတစ်ခုကိုတော့ စမ်းပြီးမိတ်ဆက်ပေးလိုက်ပါတယ်။ ဒီလင့်မှာဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

(စက်ရုံကနေ အသေထည့်ပေးလိုက်တဲ့ MAC Address ကိုတော့ ဘယ်လိုနည်းနဲ့မှ ချိန်းလို့မရပါဘူး။ LAN ကဒ်နောက်တစ်ကဒ် ၀ယ်ထားရင်တော့ ရနိုင်ပါတယ်။) 
ကျွန်တော့်အနေနဲ့တော့ MAC Address ကိုပြောင်းလဲပြီးတော့ ကွန်ပြူတာတစ်လုံးတည်းကနေ အိုင်ပီလိပ်စာချိန်းပြီးတော့ အကောင့်နှစ်ခုနဲ့ ကြော်ငြာတွေကို မကြည့်ဖူးပါဘူး။ 

ကွန်ပြူတာတစ်လုံးတည်းကနေ အိုင်ပီတူတယ်ဆိုတဲ့အတွက် အိုင်ပီချိန်ပြီးတော့ အကောင့်တစ်ခုတည်းနဲ့ပဲ ကြော်ငြာကြည့်ဖူးတာပါ။ အဲဒီတော့ MAC Address ကိုပြောင်းပြီးတော့ ကွန်ပြူတာတစ်လုံးတည်းကနေ အကောင့်နှစ်ခုနဲ့ ကြော်ငြာကြည့်ခဲ့လို့ အကောင့်တွေကို ဘမ်းခံရတယ်ဆိုရင် ကြည့်တဲ့သူရဲ့ တာဝန်သာဖြစ်ပါတယ်။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

No comments:

Post a Comment