Monday 26 January 2015

Bitclix.com တွင်ငွေ ဒီလိုဒီလို ရှာနိုင်ပါတယ် ခဗျာ


ကဲ.. ကျတော့မေတ္တာတောင်ပို့နေကြရောမယ်

ဟုတ်ကဲ့ ကျတော်တင်ခဲ့တဲ့ post အတွက် စောင့်ခဲ့ရရင် ခွင့်လွတ်ပါ...ကျတော်မှာ နည်းပညာအားနည်းလို့ ကြာသွားတာပါ

ဒါတောင် မနည်း မအိပ်ပဲ ရေးကြည့်လိုက်ရတာပါ အခု ကျတော် ပြောခဲ့တဲ့ နည်းလမ်းက ဆရာကြီးတွေအတွက် ရီစရာဖြစ်ကောင်းဖြစ်မှာပါ ရှင်းရှင်းပြောရရင် အခုနည်းက pc မှာ ကျတော် ip မကျော်တတ်လို့ android နဲ့ စမ်းကြည့်ရင်း တကယ်ရလို့ ပြန်ပြောပြတာပါ 

btc ရှာပုံက တော့ blog + bitclix.com ads+ android ph + hola vpn သုံးပြီး နိုင်ငံပေါင်းစုံက visitors အနေနဲ့ ကိုယ့် blog
ပေါ်က ကြော်ငြာကို ကလစ်ပြီး btc ရှာတာပါ

နောက်တဆင့်က referral ကို ကိုယ့် main link နေပြန်ဝင်ပြီး 20% ကိုပြန်ယူတာပါ
အကောင့်လုပ်တဲ့အခါ
main account ကနေ ပြန်ဝင်ရပါမယ်

နောက်အကာင့်လုပ်တိုင်း ip တစ်မျိုးကနေဝင် သို့မဟုတ် ဖုန်းကဒ် တခုကနေဝင်
ဖို့လိုပါတယ်( 1 ip = 1 account မို့ပါ)

ကဲ..လိုတာလးတွေ ဒေါင်းယူပြီး စမ်းကြည့်ကြပါတော့ဗျာ
မှတ်ချက်။ ။ ဆရာအကိုတွေပြောသလို
များများရဖို့ဆိုရင် ကိုယ့်လုပ်အား၊ ကိုယ့်ညှစ်အား လိုတာပေါ့နော်

ပထမဆုံး ....
လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင်
အောက်က လင့်ကနေ ဝင်ပေးပါနော်
ပြီးရင် ကိုယ်လုပ်ထားတဲ့ အကောင့်ကို
main account ထားပြီး ကိုယ့်ဖာသာ ပြန်ဝင်ပေါ့ ...

http://bitclix.com/?r=6694 ကိုနှိပ်ပြီး ဝင်ပေးပါနော် thanks

hola vpn ကိုဒေါင်းရန်

blog ၁ခု အလွယ်လုပ်နည်း ...pdf ကို ဒေါင်းယူရန်
(blog မရှိ သေးတဲ့သူတွအေတွက်ပါနော်)

bitclix မှာ အကောင့်လုပ်နည်း၊ blog နဲ့ချိတ်နည်း....pdf

btc တွေ တိုးပြီး ရလာအောင် ဘယ်လိုလုပ်မလဲ...pdf
https://db.tt/K0xBzL6K

ကျေးဇူးတင်ပါတယ်

Ko Myonaing Facebook မှကူးယူဖော်ပြသည် <<< Thank's

Sunday 25 January 2015

Egopay အွန်လိုင်းဘဏ်အကောင့် လုပ်ရအောင်

EgoPay ဆိုတာကလည်း PayPal, Payza တို့လို အွန်လိုင်း Payment system တစ်ခုပါပဲ။ သူရဲ့ အဓိက ထူးခြားချက်ကတော့ မြန်မာကနေ အိုင်ပီလိပ်စာ ချိန်းစရာမလိုဘဲ အဆင်ပြေပြေနဲ့ အသုံးပြုလို့ ရပါတယ်။ PTC ဆိုဒ်တွေမှာလည်း EgoPay ကို အခုနောက်ပိုင်းမှာ ထည့်သွင်းပြီး အသုံးပြုလာကြပါပြီ။

သူ့ကို အသုံးပြုမယ်ဆိုရင် သူ့ကို Credit card, Debit card တွေ ချိတ်ပေးပြီး Verify လုပ်ပေးဖို့ မလိုပါဘူး။ Card တွေကိုလည်း ချိတ်ပေးလို့ မရပါဘူး။ အဲဒါကြောင့် သူ့ကို ငွေထည့်မယ်ဆိုရင် Card တွေကနေ ငွေထည့်တာ ငွေထုတ်တာကို လုပ်လို့ မရပါဘူး။ သူ့ကိုငွေထည့်တာ၊ ငွေထုတ်တာကို လုပ်ဖို့အတွက်ဆိုရင် Payza, OkPay တစ်ခုခုကနေ ငွေသွင်း၊ ငွေထုတ် လုပ်ရပါမယ်။

တကယ်လို့ Payza အကောင့်မရှိလို့ ငွေသွင်းငွေထုတ်လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော့်အီးမေးလိပ်စာ naingaungsoe128@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။

EgoPay အကောင့်လုပ်ဖို့အတွက် ဒီလင့်ကို သွားလိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Create EgoPay Account ဆိုတာကို နှိပ်လိုက်ပါ။


EgoPay မှာ အကောင့်နှစ်မျိုးရှိပါတယ်။ Personal နဲ့ Business အကောင့်တွေဖြစ်ပါတယ်။ Business ဆိုရင် ငွေသွင်းငွေထုတ်မှာ ပေးဆောင်ရတဲ့ fee ပိုပြီး များပါတယ်။ ကျွန်တော်ကတော့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Personal အကောင့်ကိုပဲ ရွေးလိုက်ပါတယ်။

Email: EgoPay မှာ အသုံးပြုမယ့် အီးမေးလိပ်စာကို ထည့်ပေးပါ။

Password: EgoPay မှာ အသုံးပြုမယ့် Password ကို ထည့်ပေးလိုက်ပါ။ Password ကို စာလုံးအကြီးအသေး၊ သင်္ကကေတေ၊ ဂဏန်းတွေပါ ရောထည့်ပေးပါ။

Confirm Password: အပေါ်မှာ ထည့်ပေးခဲ့တဲ့ Password ကို ပြန်ထည့်ပေးလိုက်ပါ။

PIN code: PIN ကုဒ် (၅)လုံးကို ရိုက်ထည့်ပေးပါ။ မှတ်မိဖို့ လိုပါတယ်။ အကောင့်ကို ၀င်တိုင်း PIN code ကို တောင်းမှာ ဖြစ်ပါတယ်။

Confirm PIN code: အပေါ်မှာ ထည့်ပေးခဲ့တဲ့ PIN code ကို ပြန်ရိုက်ထည့်ပေးပါ။

Choose security color: ကိုယ့်အကောင့်လုံခြုံရေးအတွက် အရောင်တစ်ခုကို ရွေးချယ်ပေးပါ။ မှတ်မိဖို့ လိုပါတယ်။

Please type the words shown: ဘေးကအကွက်ထဲမှာ ပြထားတာတွေကို ပြန်ရိုက်ထည့်ပေးပါ။

Yes, I have read.... : ဘေးမှာ Check box မှာ ကလစ်ပြီးတော့ အမှန်ခြစ်ပေးပါ။

နိုင်ငံကိုတော့ ကိုယ်အဆင်ပြေတဲ့နိုင်ငံကို ရွေးချယ်ပေးလိုက်ပါ။

ပြီးရင် Sign Up ကို နှိပ်ပေးပါ။


အဲဒါပြီးရင် အကောင့်လုပ်လို့ ပြီးသွားပြီးဆိုတဲ့ စာတန်းတက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့အီးမေးလိပ်စာကို မှန်ကန်ကြောင်း ပြဖို့လိုပါသေးတယ်။


ကိုယ့်ရဲ့ အီးမေးထဲကို ၀င်လိုက်ပါ။ EgoPay ကနေပို့ထားတဲ့ အီးမေးကို ဖွင့်လိုက်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း လင့်ကို နှိပ်လိုက်ပါ။


အဲဒါဆိုရင် ကိုယ်ရဲ့အကောင့်ကို Activate လုပ်ပြီးပြီးဆိုတဲ့ စာတန်းတက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့အကောင့်ကို Login ၀င်လို့ ရပါပြီ။ Email နဲ့ Password ကို ရိုက်ပြီး Next ကို နှိပ်လိုက်ပါ။


ပြီးရင် ကိုယ်ရဲ့ PIN code ကို ရိုက်ထည့်ပေးပြီး Sign In ကို နှိပ်လိုက်ပါ။


ပြီးရင် အပေါ်က ပုံမှာပြထားတဲ့အတိုင်း ကိုယ့်ရဲ အချက်အလက်တွေကို ထည့်ပေးဖို့ လိုပါသေးတယ်။

Security question: လုံခြုံရေးမေးခွန်းကို ကိုယ်တိုင်ပဲ ရိုက်ထည့်ပေးပါ။

Security answer: လုံခြုံရေးမေးခွန်းရဲ့ အဖြေကိုလဲ ကိုယ်တိုင်ပဲရိုက်ထည့်ပေးပါ။ သေချာတော့ မှတ်ထားလိုက်ပါ။ ကိုယ့်အကောင့်ရဲ့ ပက်ဝက်ကို မေ့သွားတယ်ဆိုရင် အဲဒီအဖြေကို သိမှ Password reset လုပ်လို့ ရပါလိမ့်မယ်။

First Name: ကိုယ့်နာမည်ကို နောက်ဆုံးတစ်လုံးချန်ပြီး ဖြည့်လိုက်ပါ။

Last Name: ကိုယ့်နာမည် နောက်ဆုံးတစ်လုံးကို ဖြည့်လိုက်ပါ။

Address: ကိုယ့်ရဲ့လိပ်စာကို ထည့်ပေးပါ။

Country: ကိုယ့်နိုင်ငံကို ထည့်ပေးပါ။

City: မြို့နာမည်ကို ထည့်ပေးပါ။

State: တိုင်း၊ ပြည်နယ်ကို ဖြည့်ပေးပါ။

Phone: ဖုန်းနံပါတ်ကို ဖြည့်ပေးပါ။

ပြီးရင်တော့ ကျန်တဲ့အချက်အလက်တွေကိုတော့ သူ့အတိုင်းထားပြီး Save ကို နှိပ်လိုက်ပါ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ EgoPay အကောင့်ကို Register လုပ်ပြီးသွားပါပြီ။


EgoPay ကတော့ အကောင့်လုပ်ပြီးတာနဲ့ Verify လုပ်စရာမလိုဘဲ ချက်ချင်းအသုံးပြုလို့ ရပါတယ်။ EgoPay အကောင့်ကို ငွေဖြည့်မယ်ဆိုရင် Payza, Okpay တို့ကနေပဲ ငွေဖြည့်ဖို့အတွက် ပိုပြီး အဆင်ပြေပါတယ်။ သူတို့ရဲ့ ငွေဖြည့်ရင် ပေးဆောင်ရမယ့် Fee နဲ့ ကြာမယ့်ရက်ကို ကြည့်နိုင်ပါတယ်။

EogPay ကို လက်ခံတဲ့ PTC ဆိုဒ်တွေမှာ Egopay အကောင့်လုပ်ခဲ့တဲ့ အီးမေးလိပ်စာကို ထည့်ပေးထားပြီး EgoPay အကောင့်ကို Verify လုပ်စရာမလိုဘဲ ငွေကို အဆင်ပြေပြေနဲ့ ထုတ်လို့၊ သွင်းလို့ ရပါပြီ။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

Understanding Sever Time


ဒီနေရာမှာ Server time ဆိုတာကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျွန်တော်တို့ဆီကို ကြော်ငြာအသစ်တွေ ဘယ်အချိန်မှာ နောက်ထပ်ပြန်ရောက်မယ်ဆိုတာကို clicks reset time ကို ကြည့်ပြီး သိနိုင်ပါတယ်။ Server time က ကျွန်တော်တို့ရှိနေတဲ့ Local time ထပ်တူမကျဘဲ ဖြစ်တတ်ပါတယ်။ အခု ကိုယ့်ဆီမှာ ဘယ်အချိန်ရှိပြီလဲဆိုတာကို ကြည့်ပြီးတော့ ကိုယ့်ဆီကအချိန်နဲ့ Server time နဲ့ကြားမှာ အချိန်နာရီ ဘယ်လောက်ကွာတယ်ဆိုတာကို မှတ်ထားလိုက်ပါ။ Serever time က 24 hours ပုံစံနဲ့ သွားပါတယ်

ဥပမာအနေနဲ့ Probux မှာ နမူနာယူပြီးတော့ ရှင်းပြထားပါတယ်။


အပေါ်မှာ ပြထားတဲ့ ပုံမှာ ပြထားတဲ့အချိန်က ကျွန်တော်တို့ဆီကို ကြော်ငြာတွေ အသစ်အပြည့် ပြန်ရောက်မယ့် အချိန်ကို ပြောတာပါ။ AM, PM တွေ မဟုတ်ဘဲ 24 hors ပုံစံနဲ့ ဖြစ်ပါတယ်။ သူအဲဒီအချိန်က တစ်ယောက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆီမှာတော့ 00:00 ဖြစ်နေပါတယ်။ ပြီးတော့ အဲဒီအချိန်က အမြဲတမ်းမူသေ ဖြစ်နေပါမယ်။


အပေါ်မှာ ပြထားတဲ့ ပုံကတော့ ဆာဗာမှာရှိတဲ့ လက်ရှိအချိန်ကို ပြောတာပါ။ သူကလည်း AM, PM တွေ မဟုတ်ဘဲ 24 hors ပုံစံနဲ့ ဖြစ်ပါတယ်။ 00:00 နာရီမှာ စပြီးတော့ 23:59 အထိ ပုံမှန် အချိန်လည်ပတ်ပြီး နေပါမယ်။


ဒါကတော့ ကျွန်တော်တို့ရဲ့ Local မှာ လက်ရှိရောက်နေတဲ့ အချိန်ကို ပြထားတာပါ။ ဒီမှာတော့ AM, PM ပုံစံနဲ့ ပြထားပါတယ်။ 

Server မှာ ရှိတဲ့အချိန်နဲ့ ကျွန်တော်တို့ local မှာရှိတဲ့ အချိန်နှစ်ခုက မတူပါဘူး။ သူတို့ နှစ်ခုကြားက အချိန်ကွာခြားချက်ကို ရှာကြည့်ရအောင်ပါ။

The current server time (24 Hours format)=12:52
Local time (AM,PM format)= 10:22 PM
Local time (24 Hours format)= 22:22 ( 12:59 ပြီးရင် 1:00 နာရီလို့ မပြောဘဲ 13:00 နာရီလို့ ပြောပါလိမ့်မယ်။)

အချိန်ကွာခြားချက် = Local time - Server time = 22:22 - 12:52 = 9:30

ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ Local အချိန်နဲ့ Server မှာ ရှိနေတဲ့ အချိန်က ကိုးနာရီခွဲလောက် ကွာနေပါတယ်။ အဲဒါကို မှတ်ထားဖို့ လိုပါတယ်။

Your advertisement clicks reset at: 00:00 (server time)

ကျွန်တော့်ဆီကို နောက်ထပ်ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်မယ့် အချိန်က Server time: 00:00 ဖြစ်ပါတယ်။ ကြော်ငြာတွေ ပြန်ရောက်လာမယ့် ကျွန်တော်တို့ရဲ့ Local မှာ ရှိမယ့် အချိန်ကို ပြန်ပြီးတော့ ကြည့်ရအောင်ပါ။

Local time = Server time + အချိန်ကွာခြားချက် = 00:00 + 9:30 = 9:30 (24 hours format)

အခု ကြော်ငြာတွေကို အကုန်နှိပ်လိုက်ပြီးရင် နောက်တစ်ခါ clicks reset time ကို ပြန်ရောက်ပြီးမှ ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်လာပါလိမ့်မယ်။ အခုက ကြော်ငြာတွေ အပြည့်ပြန်ရောက်မယ့် အချိန်ကိုပဲ ပြောတာပါ။ ကြားထဲမှာ ကြော်ငြာနှစ်ခု၊ သုံးခု ရောက်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အချိန်ရရင်တော့ ၀င်ကြည့်ပြီး ကလစ်နေလို့ရပါတယ်။ 

မှတ်ချက်။    ။ အကြံပေးချင်တာကတော့ clicks reset time မရောက်ခင်ကို ကြိုဝင်ပြီးတော့ ရှိသမျှ ကြော်ငြာတွေကို အကုန်ကြည့်ထားလိုက်ပါ။ ပြီးရင် Server reset time ကို ရောက်အောင် စောင့်လိုက်ပါ။ Reset time ကို ကျော်ပြီဆိုတာနဲ့ ကိုယ့်ဆီကို ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်လာပါလိမ့်မယ်။ Page ကိုတော့ Refresh လုပ်ကြည့်ပေးနေဖို့ လိုပါတယ်။ ဒါမှ ကြော်ငြာအသစ်ရောက် မရောက်ဆိုတာကို သိမှာပါ။ ကြော်ငြာအသစ်တွေကို ထပ်ပြီးတော့ ကြည့်လိုက်ပါ။ နှစ်ခါ ကြည့်ခွင့်ရတဲ့အတွက် ကိုယ့်အတွက် တနေ့တည်းနဲ့ ကြော်ငြာအရေအတွက် များများကြည့်ခွင့် ရပါတယ်။


ကျွန်တော်တို့ ဒီနေ့အတွက်ကြော်ငြာတွေ မကြည့်ရသေးဘူးဆိုတဲ့ Message ပေါ်တာပါ။ ကြော်ငြာတွေ အားလုံးကို ကြည့်ပြီးသွားလို့ page ကို refresh လုပ်လိုက်မယ်ဆိုရင် အဲဒီ စာတန်းက ပျောက်သွားပါလိမ့်မယ်။

ကျွန်တော်တို့မှာ Referral တွေမရှိသေးရင်တော့ ကြော်ငြာတွေကို နေ့တိုင်း ပုံမှန်မကြည့်လဲ ဘာမှမဖြစ်ပါဘူး။ Referral တွေအကြောင်းကိုလည်း  ရှင်းပြထားပြီးပါပြီ။ ကျွန်တော်တို့ ငှားလိုက်တဲ့ Referral တွေဆီကနေ ၀င်ငွေကို ရဖို့အတွက်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အဲဒီ စာတန်း Message ပျောက်သည်အထိ ကြော်ငြာတွေကို ကြည့်ပေးဖို့လိုပါတယ်။ များသောအားဖြင့်တော့ တစ်နေ့ကို ကြော်ငြာလေးခု ပုံမှန်ကြည့်ပေးရပါမယ်။ ဒီနေ့ ကြော်ငြာမကြည့်ခဲ့ဘူးဆိုရင် နောက်နေ့မှာ Referral ဆီက ၀င်ငွေ လျော့ကျသွားပါလိမ့်မယ်။ နေ့တိုင်းဝင်ကြည့်တယ်ဆိုပေမယ့် အဲဒီစာတန်းပျောက်မှ Referral တွေဆီက ငွေပုံမှန်ရပါလိမ့်မယ်။


နောက်ပိုင်းကျရင်တော့ ကိုယ့်မှာငှားထား Referral တွေများလာလို့ ၀င်ငွေကောင်းလာပြီဆိုရင် Fixed ads တွေလောက်ပဲ ပုံမှန်ကြည့်သွားလို့ ရပါတယ်။ သူတို့က အချိန်က စက္ကန့် ၃၀ လောက် ကြည့်ရပါတယ်။ ကြော်ငြာကြည့်ခက ရိုးရိုးပုံမှန်တွေထက် ဆယ်ဆ ပိုများပါတယ်။ သူကတော့ အရေအတွက်ကတော့ လေးခုပဲ ပေးပါတယ်။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

Payza အွန်လိုင်းဘဏ်အကောင့် ဖွင့်ရအောင်

AlertPay နဲ့ Payza က အတူတူပါပဲ။ နောက်ပိုင်းမှာ AlertPay ကနေ Payza ဆိုပြီး ပြောင်းသွားတာပါ။

၁။ အရင်ဆုံး Payza ကို အရင်သွားလိုက်ပါ။ Sign Up Now ကိုနှိပ်လိုက်ပါ။


၂။ Select your country မှာ ကိုယ်ကြိုက်တဲ့ နိုင်ငံတစ်ခုခုကို ရွေးပေးပါ။ မြန်မာနိုင်ငံတော့ မပါသေးပါဘူး။

Payza ကို မြန်မာကနေ အသုံးပြုမယ်ဆိုရင် အိုင်ပီချိန်းဖို့အတွက် Prxoy ဆော့ဝဲတစ်ခုခု (ဥပမာ Yourfreedom, Hotsopt Shield, Ultrasurf) တစ်ခုခုကို သုံးပြီး အသုံးပြုမှ အဆင်ပြေပါလိမ့်မယ်။


၃။ ပြီးရင် ကိုယ်ကြိုက်တဲ့ အကောင့်အမျိုးအစားတစ်မျိုးကို ရွေးပေးပါ။ ကျွန်တော်ကတော့ Starter ကိုပဲ ရွေးလိုက်ပါတယ်။ သူတို့ရဲ့ ကွာခြားချက်တွေက

Starter- ကိုယ့်သူငယ်ချင်း အချင်းချင်း၊ မိသားစုဝင် အချင်းချင်းကြားမှာ ငွေလွှဲငွေပို့လို့အတွက် အဆင်ပြေပါတယ်။ တစ်လကို $400 အထိပဲ လက်ခံလို့ရပါတယ်။ တစ်နှစ်လုံးမှာဆိုရင်တော့ $2000 အထိပဲ ငွေလက်ခံလို့ ရပါတယ်။ အဲဒါတွေထက် ပိုသွားခဲ့ရင် Personal အကောင့်ကို အော်တို upgrade လုပ်သွားမှာပါ။

Personal- သူ့မှာတော့ ငွေလက်ခံတာအတွက် ကန့်သတ်ချက်မရှိပါဘူး။ ဒါပေမယ့် ငွေလက်ခံမယ်ဆိုရင် fee က 2.5%+$0.25 ရှိပါတယ်။

Business- သူကတော့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ အတွက်ပါ။ 
(နောက်ပိုင်းမှ ကိုယ့်အကောင့်ကို ကိုယ်တိုင် upgrade ဒါမှမဟုတ် downgrade ပြန်လုပ်လို့ ရပါတယ်)

ကျွန်တော်က ဥပမာ အနေနဲ့ United States ကို ရွေးလိုက်ပါတယ်။ အဲဒါဆိုရင် နောက် page တစ်ခုတက်လာပါလိမ့်မယ်။

ကျွန်တော်ကတော့ United States အတွက်ကို Fake Name generator သုံးပြီး လိပ်စာတွေကို အရင်ရှာထားလိုက်ပါတယ်။ Fake Name generator ကို အသုံးပြုနည်းကို ရေးထားပြီးပါပြီ။ မသေချာရင် ပြန်ဖတ်ကြည့်လိုက်ပါ။ အောက်ကပုံပါ။ ကျွန်တော်တို့ လိုချင်တဲ့ လိပ်စာနဲ့ Postal code ကို ရပါပြီ။




Salutation: Mr. လား Mrs. လားဆိုတာရွေးပေးပါ။

First Name: နာမည်ရှေ့ပိုင်းကို နောက်ဆုံးအလုံးချန်ပြီး ဖြည့်ပေးပါ။

Last Name: နာမည်နောက်ဆုံးအလုံးကို ဖြည့်ပေးပါ။

Address Line 1: Fake Name generator ရတဲ့ လိပ်စာ(အခု ဒီမှာတော့ 895 Willow Oaks Lane) ဆိုပြီး မြို့နာမည်ချန်ပြီး ဖြည့်လိုက်ပါ။

Address Line 2 (optional): ဘာမှမဖြည့်ဘဲထားလို့ ရပါတယ်။

City: Fake Name generator ရတဲ့ (အခုဒီမှာတော့ Lafayette) မြို့နာမည်ကို ဖြည့်ပေးပါ။ လိပ်စာက အရေးကြီးလားဆိုတော့ မကြီးပါဘူး။ ခင်ဗျားကို တကယ်ဘယ်သူမှ လိုက်မရှာပါဘူး။ ဒါပေမယ့် ငွေကို Payza ကနေ ပေးချေတဲ့အခါ လောက်မလောက်ကို သေချာတွက်ပြီးမှ ပေးချေပါ။ တကယ်လို့ ငွေချေတာမလောက်လို့ ပြသနာပေါ်ရင်တော့ အကောင့်ကို Limited လုပ်ပြီးတော့ Passport တောင်းတတ်ပါတယ်။ အဲဒါလေးတစ်ခုပဲ သတိထားပေးပါ။

State: State ကိုရွေးပေးရတော့မယ်။ (အခုဒီမှာတော့ Lafayette) မြို့က ဘယ် State မှာရှိတာလဲပေါ့။ မသိရင် google ကနေရှာလိုက်ပေါ့။ Google ကပြောတာကတော့ New York တဲ့။ အောက်မှာ ပြထားပါတယ်။


Zip Code: Postal code ကိုပဲပြောတာပါ။ Fake Name generator က ရတာကို ဖြည့်လိုက်ပါ။ အခုဆိုရင်တော့ LA 70501 ပေါ့။ (တချို့ဆိုဒ်တွေမှာ ရှေ့က LA ကို ထည့်ပေးစရာမလိုပါဘူး။ ဂဏန်းတွေ ချည်းပဲ ထည့်ပေးရတာမျိုးရှိပါတယ်။ တကယ်လို့ zip code ကိုမှားတယ်ပြောရင် နည်းနည်းပြောင်းပြီး ထည့်ပေးပါ။ အဆင်ပြေပါလိမ့်မယ်။)

Country: နိုင်ငံနေရာမှာတော့ ဖြည့်ပြီးသားဖြစ်နေပါလိမ့်မယ်။ မဖြည့်ရသေးရင် ကျွန်တော့်တို့ အစတုန်းက ရွေးခဲ့တာကို ရွေးပေးပါ။

Citizenship: နိုင်ငံသားကို ပြောတာပါ။ ကံကောင်းထောင့်မစွာနဲ့ပဲ Burma ပါပါတယ်။ ရွေးပေးလိုက်ပါ။

Home Phone: Fake Name generator က ရတဲ့ဖုန်းနံပါတ်ကိုပဲ ထည့်ပေးလိုက်ပါ။

Job Category: အလုပ်အကိုင် တစ်ခုကို ရွေးပေးလိုက်ပါ။

Other: အလုပ်အကိုင် တစ်ခုကို ရွေးပေးပါ။

Date of Birth: ဒါကတော့ မွေးလ မွေးရက် မွေးနှစ် ကိုဖြည့်ရမယ့် နေရာပါ။

အဲဒါတွေ ပြီးရင် Next step ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အောက်က ပုံမျိုးပေါ်လာပါမယ်။


E-mail address: Payza အတွက် အသုံးပြုမယ့် ကိုယ်ရဲ့ အီးမေးလိပ်စာကို ထည့်ပေးပါ။

Password: Payza အတွက် ပက်ဝက်ကို ထည့်ပေးပါ။

Re-enter Password: အပေါ်က ထည့်ပေးခဲ့တဲ့ ပက်ဝက်ကိုပဲ ပြန်ထည့်ပေးပါ။

Transaction PIN: သူကတော့ အရေးကြီးပါတယ်။ ငွေလွှဲတဲ့အခါတိုင်း ကျွန်တော်တို့ကို မေးမှာပါ။ အမြဲမှတ်မိနေမယ့် ဂဏန်းကိုထည့်ပေးပါ။

Re-enter Transaction PIN: အပေါ်ကထည့်ခဲ့တဲ့ ဂဏန်းကို ပြန်ထည့်ပေးပါ။

Security Question: ပက်ဝက်မေ့သွားခဲ့လို့ရင် ပြန်တောင်းတဲ့အခါမှာ မေးမယ့် မေးခွန်းကို ရွေးပေးပါ။

Answer: အပေါ်က မေးခွန်းရဲ့အဖြေပါ။ ကိုယ်ကြိုက်တာဖြည့်ထားလို့ ရပါတယ်။ ဒါပေမယ့် မှတ်မိရပါမယ်။

Third Party information: ဒီမှာတော့ No ကိုပဲ ရွေးပေးလိုက်ပါ။

Word Verification: အပေါ်က သူပေးထားတဲ့ စာသားကို ပြန်ရိုက်ထည့်လိုက်ပါ။

Check: You acknowledge that မှာ ကလစ်ပြီး အမှန်ခြစ်ပေးလိုက်ပါ။

ပြီးရင် Final step ကို ကလစ်ပေးလိုက်ပါ။ ကျွန်တော်တို့ဆီကို Payza ကနေ့ အီးမေးပို့လိုက်တယ် ဆိုတဲ့ page တက်လာပါလိမ့်မယ်။


ကျွန်တော်တို့ရဲ့ အီးမေးထဲကို သွားလိုက်ပါ။ Payza ကနေ ပို့ထားတဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံမှာ မြှားပြထားတဲ့လင့်ကို ကလစ်လိုက်ပါ။


အောက်ကလို ပုံမျိုး တက်လာပါလိမ့်မယ်။ ဘာမှမရှိသေးတဲ့ ကျွန်တော်ရဲ့ Payza အကောင့်ပုံပါ။


အပေါ်ကလို ပုံမျိုးတက်လာပြီဆိုရင်တော့ အွန်လိုင်းဘဏ်အကောင့်လုပ်လို့ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။ လုပ်ရတာလွယ်သလောက် အရမ်းလည်း စိတ်ချရပါတယ်။ ငွေလွှဲတာ၊ ငွေပေးချေတာတွေကို ကျွန်တော်တို့ရဲ့ အီးမေးလိပ်စာလေး တစ်ခုတည်းနဲ့ပဲ အလုပ်လုပ်သွားမှာပါ။ တကယ်လို့ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော့်ဆီကို မေးလို့ ရပါတယ်။ ကျွန်တော်သိသလောက် ပြန်ဖြေပေးသွားပါ့မယ်။

အကောင့်က Verify တော့ မလုပ်ရသေးပါဘူး။ Verify လုပ်ပြီးတယ်ဆိုတာက ကျွန်တော်တို့ရဲ့ Payza အကောင့်ကို Payment card ဒါမှမဟုတ် ဘဏ်အကောင့် တစ်ခုခုနဲ့ ချိတ်ထားပြီးတာကို ပြောတာပါ။
(ဘဏ်အကောင့် ဒါမှမဟုတ် Payment card ရှိတဲ့သူတွေအတွက် Verify ဘယ်လိုလုပ်တယ်ဆိုတာကို နောက်မှာ ထပ်ရေးပါမယ်။)

ကျွန်တော်တို့ရဲ့ Payza အကောင့်ကို Verify မလုပ်ရသေးပေမယ့်

၁။ PTC ဆိုဒ်တွေထဲက ငွေကို ကျွန်တော်တို့ရဲ့ Payza အကောင့်ထဲကို လွှဲလို့ရပါတယ်။

၂။ Payza အကောင့်ထဲမှာ ရောက်နေတဲ့ငွေကို အခြားသူတစ်ယောက်ရဲ့ Payza အကောင့်ထဲကို လှမ်းလွှဲလို့ ရပါတယ်။

၃။ အခြားသူတစ်ယောက်ကနေ ကျွန်တော်တို့ရဲ့ Payza အကောင့်ထဲကို လှမ်းပြီးလွှဲမယ်ဆိုရင် လက်ခံလို့ ရပါတယ်။

ကျွန်တော်တို့ရဲ့ Payza အကောင့်ကို Verify လုပ်မထားတဲ့အတွက်

၁။ Payza အကောင့်မှာ ဘဏ်အကောင့်နဲ့ ချိတ်မထားသေးတဲ့အတွက် ဘဏ်ဆီကို ငွေပို့ပြီး ငွေသားအဖြစ် ထုတ်ယူလို့ မရသေးပါဘူး။ 

ဖြေရှင်းရန်။     ။ အခြားချိတ်ထားပြီးသားသူဆီကို လှမ်းလွှဲပြီးတော့ အကူအညီတောင်းလို့ ရပါတယ်။

၂။ ကိုယ့် Payza အကောင့်ထဲမှာ ငွေရှိတယ်ဆိုရင်တော့ အခြားကနေ ကိုယ်ကြိုက်တာကို အွန်လိုင်းကနေ ၀ယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Verify လုပ်မထား (ဘဏ်အကောင့် ဒါမှမဟုတ် Payment card နဲ့လည်း ချိတ်မထား)တဲ့အတွက် Payza အကောင့်ထဲမှာ ငွေမရှိဘူးဆိုရင်တော့  အွန်လိုင်းကနေ ၀ယ်လို့ မရနိုင်ပါဘူး။ 

ဖြေရှင်းရန်။     ။ အခြားသူရဲ့ Payza အကောင့်ထဲကနေ ကိုယ့်အကောင့်ထဲကို ငွေလွှဲခိုင်းပြီးတော့ ၀ယ်ယူလို့ ရပါတယ်။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

Fake Name generator အသုံးပြုနည်း

ကျွန်တော်တို့တွေ အွန်လိုင်းမှာ (ဥပမာ ဘဏ်အကောင့်တွေ လုပ်တဲ့အခါ) Postal code (စာတိုက်သေတ္တာနံပါတ်) တို့ကို တောင်းတတ်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ လိပ်စာနဲ့ Postal code ကို မှန်မမှန်သေချာစစ်ပါတယ်။ လိပ်စာနဲ့ Postal code (Zip code) တွေကို Fake name generator သုံးပြီး ရှာကြည့်ရအောင်ပါ။

ပထမဆုံး http://www.fakenamegenerator.com/ ကို အရင်သွားလိုက်ပါ။


ကျွန်တော်တို့က သုံးခုပဲ ရွေးပေးစရာ လိုပါတယ်။

Gender: အမျိုးသားနာမည်လား ဒါမှမဟုတ် အမျိုးသမီးနာမည်လားဆိုတာ ရွေးပေးပါ။

Name set: ဘာလူမျိုးရဲ့ နာမည်လဲ ဆိုတာကို ရွေးပေးရပါမယ်။ ဒါက အရေးမကြီးပါဘူး။ အကောင့်လုပ်တဲ့အခါကျရင် ကိုယ့်နာမည်ပဲ သုံးလို့ ရပါတယ်။

Country: ဒါကတော့ အရေးကြီးပါတယ်။ ကျွန်တော့်တို့ အကောင့်တွေလုပ်တဲ့အခါမှာ ထည့်မယ့်နိုင်ငံကို ရွေးပေးပါ။ ဒါမှ လိပ်စာနဲ့ Postal code က အဆင်ပြေမှာပါ။

ပြီးရင်တော့ အောက်ဆုံးက Generate ကို နှိပ်ပေးပါ။

အောက်မှာ ထွက်လာတဲ့ပုံကို နမူနာပြထားပါတယ်။ ထုတ်ပေးတဲ့ နာမည်တွေနဲ့ လိပ်စာတွေက တခါနဲ့တခါ မတူပါဘူး။


ကျွန်တော်တို့အတွက် အရေးကြီးတာ လိပ်စာနဲ့ Postal code ပါ။ ပထမမြှားနှစ်ခုက ကျွန်တော်တို့ ရွေးပေးလိုက်တဲ့ Country မှာရှိတဲ့ အိမ်နံပါတ်ရယ်၊ လမ်းနာမည်ရယ်၊ မြို့နာမည်ပါ။ နောက်မြှားထိုးပြီး လေးထောင့်ကွင်းထဲက Postal code ပါ။ တကယ်လို့ LA 70501 ဆိုပါစို့။ (တချို့ဆိုဒ်တွေမှာ ရှေ့က LA ကို ထည့်ပေးစရာမလိုပါဘူး။ ဂဏန်းတွေချည်းပဲ ထည့်ပေးရတာမျိုးရှိပါတယ်။ တကယ်လို့ zip code ကိုမှားတယ်ပြောရင် ရှေ့က LA ဖြုတ်ပြီးတော့ ဂဏန်းတွေချည်းပဲ ထည့်ပေးပါ။ 

တခါတလေဆိုရင် State တို့ ရွေးတဲ့နေရာ LA ဆိုပြီးရွေးခဲ့ရတယ်ဆိုရင်တော့ ဂဏန်းတွေချည်းပဲထည့်ရဖို့ ပိုများပါတယ်။ နည်းနည်းပြောင်းပြီး ထည့်ကြည့်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။) တခါတလေ အကောင့်ဖောက်တဲ့အခါမှာ ဖုန်းနံပါတ်တောင်း တတ်ပါတယ်။ အဲဒါဆိုရင် သူ့မှာ ပါတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလို့ ရပါတယ်။

မှတ်ချက်။ ။ Paypal တို့လို အကောင့်ဖောက်တဲ့အခါ အဲဒီမှာ ထုတ်ပေးထားတဲ့ Visa ကဒ်နံပါတ်တွေကို ထည့်ပြီးတော့ Verify လုပ်လို့ မရပါဘူး။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

PTC ဆိုဒ်တွေမှာ အကောင့်တခုထက်ပိုပြီး သုံးမယ်ဆိုရင်

PTC ဆိုဒ်တွေမှာ အကောင့်တစ်ခုထက်ပိုပြီးသုံးမယ်ဆိုရင်
မြန်မာကနေ PTC ဆိုဒ်တွေမှာ ကြော်ငြာကြည့်တဲ့သူတွေမှာ အိုင်ပီလိပ်စာတူတယ်ဆိုပြီး ကြောငြာကြည့်လို့ မရတာတော့ တော်တော်များများ ကြုံဖူးကြမှာပါ။ အိုင်ပီလိပ်စာတူတယ်ဆိုရင် အဲဒီနေ့အတွက် ကိုယ်က ကြော်ငြာကြည့်လို့ မရတာတဲ့အတွက် ၀င်ငွေမရတာပဲရှိတာပါ။ အိုင်ပီတူတယ်ဆိုပြီးတော့ ကိုယ့်အကောင့်ကို ပိတ်လိုက်တာ၊ ဘမ်းလိုက်တာမျိုး မရှိပါဘူး။ 

အိုင်ပီတူတယ်ဆိုတဲ့ စာတန်းကို ခဏခဏ တွေ့ရပြီးတော့ နောက်ရက်ကျရင်လဲ ကိုယ့်အကောင့်ကို ၀င်လို့အဆင်ပြေပါတယ်။ အဲဒါဆိုတော့ အိုင်ပီတူတဲ့အတွက် အကောင့်ကို မပိတ်ဘူး၊ မဘမ်းဘူးဆိုတာ ပိုပြီးသေချာစေပါတယ်။

PTC ဆိုဒ်တွေက ဘယ်အိုင်ပီလိပ်စာတွေကနေ ဘယ်အကောင့်နဲ့ ကြော်ငြာတွေကို ကြည့်နေတာလဲဆိုတာကို မှတ်ထားတယ်ဆိုတာတော့ သေချာပါတယ်။ 

PTC ဆိုဒ်တွေရဲ့ စည်းကမ်းချက်တွေမှာ အိုင်ပီလိပ်စာအတူတူကနေ ကြော်ငြာကြည့်မယ်ဆိုရင် ပထမဆုံးတစ်ယောက်ပဲ ကြော်ငြာကြည့်ခရမယ်ဆိုပြီး ပါပါတယ်။ အကောင့်ကို ပိတ်မယ်ဆိုပြီးတော့ မပါပါဘူး။ အဲဒါအပြင် ကွန်ပြူတာတစ်လုံးကို အကောင့်တစ်ခုနှုန်းဆိုပြီးတော့လဲ ပါပါတယ်။ တစ်ခုနှုန်းထက်ပိုခဲ့ရင်တော့ အကောင့်တွေကို ပိတ်မယ်၊ ဘမ်းမယ်ဆိုပြီး ပါပါတယ်။
အဲဒီတော့ PTC ဆိုဒ်တွေကနေ ကိုယ်ဘယ်ကွန်ပြူတာကနေ အကောင့်လုပ်ပြီး သုံးနေတာလဲဆိုတာကိုပါ မှတ်ထားပါသေးတယ်။ 

PTC ဆိုဒ်တွေက ကိုယ်ဘယ်ကွန်ပြူတာကနေ သုံးနေတာလဲဆိုတာကို ဘယ်လိုလုပ်ပြီးသိနိုင်တာလဲ။
တကယ်တော့ PTC ဆိုဒ်တွေက ကိုယ်ဘယ်ကွန်ပြူတာကနေ သုံးနေတာလဲဆိုတာကို Media Access Control(MAC) Address ကနေတဆင့် သိနိုင်ပါတယ်။ Physical Address လို့လည်း ခေါ်ကြပါတယ်။ 

အလွယ်ပြောရရင်တော့ စက်ရုံကနေ Network Card ကို ထုတ်လိုက်ကတည်းက ပြောင်းလို့မရအောင် အသေထည့်ပေးလိုက်တဲ့ Serial number တစ်ခုပါပဲ။ အခုနောက်ပိုင်းထွက်လာတဲ့ Motherboard တွေမှာ LAN အတွက်ပါ Built-in ပါလာပြီးသားဖြစ်တဲ့အတွက် Motherboard Number လို့လည်း ခေါ်ကြပါတယ်။ ကိုယ့်ကွန်ပြူတာရဲ့ MAC Address ကို သိချင်ရင် ဒီလင့်မှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။

(တချို့ Network ကုမ္မဏီတွေမှာ အင်တာနက်သုံးဖို့ လျှောက်လွှာတင်ရင် MAC Address ကို တောင်းတတ်ပါတယ်။ ပြောင်းလို့မရတဲ့ Serial Number ဖြစ်တဲ့အတွက် နှစ်ယောက်ခွဲသုံးတာတို့၊ အခြားကွန်ပြူတာမှာ အဲဒီအကောင့်ကို သုံးတာတို့ဆိုရင် အင်တာနက်ကို ချိတ်ဆက်လို့ မရပါဘူး။)
PTC ဆိုဒ်မှာ အကောင့်တစ်ခုထက်ပိုပြီး ကလစ်နေတဲ့သူတွေက IP Address ကို ချိန်းရမယ်ဆိုတာတော့ သိကြပါတယ်။ ဒါပေမယ့် တချို့အိုင်ပီပြောင်းတဲ့ ဆော့ဝဲတွေက IP Address ကိုပဲ ပြောင်းပေးသွားတာပါ။ MAC Address ကိုတော့ ပြောင်းပေးနိုင်ခြင်းမရှိပါဘူး။ အဲဒီတော့ အပေါ်ကဖုံး၊ အောက်ကပေါ်ဖြစ်ပြီးတော့ အကောင့်တွေ ဘမ်းခံရတာပါ။

အဲဒီလို အကောင့်တစ်ခုထက်ပိုပြီးတော့ သုံးချင်တယ်ဆိုရင် VPN ဆော့ဝဲတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ VPN ဆော့ဝဲတွေကတော့ IP Address တွေအပြင် ကိုယ်ဘယ်ကွန်ပြူတာကနေ အသုံးပြုတယ်ဆိုတာကိုပါ ဖျောက်ပေးနိုင်ပါတယ်။ အင်တာနက်ထဲမှာ ဘယ်အိုင်ပီ၊ ဘယ်ကွန်ပြူတာကနေ ဘာတွေလုပ်နေတယ်၊ ဘယ်ဒေတာတွေကို ပို့နေတယ်ဆိုတာတွေအစ အရေးကြီးတဲ့သတင်းအချက်တွေကိုပါ အခြားသူက ကြားဖြတ်ပြီးတော့ ကြည့်လို့မရအောင်ကို ဖျောက်ပေးထားနိုင်စွမ်းရှိပါတယ်။

ဒါပေမယ့် VPN တွေက ၀ယ်ပြီးသုံးမှ ပိုပြီးတော့ စိတ်ချရပါတယ်။ Feature အကန့်အသတ်နဲ့ Free ပေးထားတာတွေလည်း ရှိပါတယ်။ VPN တွေအကြောင်းကို သိချင်ရင်တော့ ဒီလင့်မှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်နိုင်ပါတယ်။

တချို့ MAC Address ကိုပြောင်းပေးနိုင်တဲ့ ဆော့ဝဲတွေရှိပါတယ်။ ဒါပေမယ့် အဲဒီဆော့ဝဲတွေက စက်ရုံကနေထုတ်လိုက်ကတည်းက LAN Card မှာ အသေထည့်ပေးလိုက်တဲ့ MAC Address ကိုတော့ ပြောင်းလဲပေးနိုင်စွမ်းမရှိပါဘူး။ အပေါ်ယံကနေ Locally ပဲပြောင်းလဲပေးထားနိုင်တာပါ။ MAC Address ကို Locally ပြောင်းဖို့အတွက် ဆော့ဝဲကို မသုံးဘဲ ကိုယ်တိုင်လဲ အလွယ်တကူ ပြောင်းပေးနိုင်ပါတယ်။ အဲဒါကိုတော့ ဒီလင့်မှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။ ဆော့ဝဲတစ်ခုကိုတော့ စမ်းပြီးမိတ်ဆက်ပေးလိုက်ပါတယ်။ ဒီလင့်မှာဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

(စက်ရုံကနေ အသေထည့်ပေးလိုက်တဲ့ MAC Address ကိုတော့ ဘယ်လိုနည်းနဲ့မှ ချိန်းလို့မရပါဘူး။ LAN ကဒ်နောက်တစ်ကဒ် ၀ယ်ထားရင်တော့ ရနိုင်ပါတယ်။) 
ကျွန်တော့်အနေနဲ့တော့ MAC Address ကိုပြောင်းလဲပြီးတော့ ကွန်ပြူတာတစ်လုံးတည်းကနေ အိုင်ပီလိပ်စာချိန်းပြီးတော့ အကောင့်နှစ်ခုနဲ့ ကြော်ငြာတွေကို မကြည့်ဖူးပါဘူး။ 

ကွန်ပြူတာတစ်လုံးတည်းကနေ အိုင်ပီတူတယ်ဆိုတဲ့အတွက် အိုင်ပီချိန်ပြီးတော့ အကောင့်တစ်ခုတည်းနဲ့ပဲ ကြော်ငြာကြည့်ဖူးတာပါ။ အဲဒီတော့ MAC Address ကိုပြောင်းပြီးတော့ ကွန်ပြူတာတစ်လုံးတည်းကနေ အကောင့်နှစ်ခုနဲ့ ကြော်ငြာကြည့်ခဲ့လို့ အကောင့်တွေကို ဘမ်းခံရတယ်ဆိုရင် ကြည့်တဲ့သူရဲ့ တာဝန်သာဖြစ်ပါတယ်။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

Direct Referral ရအောင် ဘယ်လိုလုပ်ရမလဲ (၂)

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကတော့ ငွေမကုန်ဘဲ DR ရနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အောက်မှာ ပြောတဲ့နည်းလမ်းတွေကတော့ ငွေအကုန်အကျ နည်းနည်းရှိပါတယ်။ DR ရတာရှိနိုင်သလို မရတာလဲ ရှိနိုင်ပါတယ်။

၁။ PTC ဆိုဒ်တွေကို ၀င်လိုက်တဲ့အခါမျိုးမှာ ၀င်းဒိုးအသေးလေးနဲ့ Banner တွေတက်တက်လာတာကို တွေ့ဖူးမှာပါ။ အဲဒါက ကိုယ်ရဲ့ Banner လင့်ကို ကြော်ငြာတာပါ။ ဆိုဒ်ကိုလာတဲ့သူတွေက နှိပ်မိပြီး register လုပ်မှ ကိုယ့်ဆီကို DR အနေနဲ့ရမှာပါ။ DR ရဖို့အခွင့်အရေးတော်တော် နည်းပါတယ်။ အဲဒီဆိုဒ်က Banner ကိုပဲ အဲဒီဆိုဒ်မှာပဲ ပြန်ပြီးတော့ မကြော်ငြာမိပါစေနဲ့။ ဒီဆိုဒ်ကို ၀င်တဲ့သူက ဒီဆိုဒ်မှာ အကောင့်လုပ်ထားပြီးသားဖြစ်လို့ပါ။ အခြားဆိုဒ်ရဲ့ Banner ကိုပဲ ကြော်ငြာချင်ကြော်ငြာနိုင်ပါတယ်။

၂။ PTC ဆိုဒ်တွေမှာ PTSU (Paid To Sing Up) အကောင့်လုပ်တယ်ဆိုရင် ငွေပေးတာတွေ ရှိပါတယ်။ သူရဲ့သဘောကို နည်းနည်းပြောပြချင်ပါတယ်။ ကိုယ်ကအဲဒီမှာ PTSU ထည့်ချင်တယ်ဆိုရင် ကိုယ်ရဲ့ referral လင့်ကို တင်ရပါတယ်။ ပြီးရင် ကိုယ်ရဲ့လင့်အောက်မှာ အကောင့်ဖောက်တယ်ဆိုရင် ငွေဘယ်လောက်ပေးမယ်ဆိုတာ ထည့်ပေးရပါတယ်။ ဒါပေမယ့် ငွေကိုတော့ ချက်ချင်းပေးစရာမလိုပါဘူး။ ကိုယ်က စည်းမျဉ်းတစ်ခု သတ်မှတ်နိုင်ပါတယ်။

ဥပမာအနေနဲ့ ကိုယ်ပေးတဲ့လင့်မှာ အကောင့်လုပ်ပြီးရင် တစ်ပတ်တိတိကြော်ငြာကြည့်ပြီးမှ ငွေဘယ်လောက်ပေးမယ်ဆိုပြီး စည်းကမ်းတစ်ခုပါ ထည့်ပေးရပါတယ်။ အခြားသူတစ်ယောက်က ကိုယ့်လင့်ရဲ့အောင်မှာ Register လုပ်တယ်ဆိုရင် ကိုယ့်ဆီကို သူ့အကောင့်နာမည်နဲ့ အီးမေးလိပ်စာကို ထည့်ပေးသွားပါလိမ့်မယ်။ ကိုယ်က အဲဒီအကောင့်က ကြော်ငြာတွေကို ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းကြည့်လားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။

ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းလုပ်ခဲ့တယ်ဆိုရင် ငွေပေးရပါမယ်။ တကယ်လို့ ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းမလုပ်ဘဲ အကောင့်သာလုပ်သွားပြီး ကြော်ငြာတွေကို မကြည့်ဘူးဆိုရင် ငွေကို မပေးဘဲ ငြင်းပိုင်ခွင့်ရှိပါတယ်။ သူကလည်း ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းပြည့်သွားလို့ ငွေရပြီးသွားရင် ဆက်ပြီးတော့ ကြော်ငြာကြည့်ချင်မှ ကြည့်ပါလိမ့်မယ်။ အဲဒါကတော့ သူ့ရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့် သူ့ကို ပေးရမယ့်ငွေနဲ့ သူ့ဆီကနေ ပြန်ရမယ့်ငွေကို ချိန်ပြီး စည်းကမ်းတစ်ခု သတ်မှတ်ပြီး ကိုယ်တိုင် PTSU မှာ ကိုယ့်လင့်ကို ကြော်ငြာနိုင်ပါတယ်။

၃။ ကိုယ်ရဲ့ Referral လင့်ကိုလည်း PTC ဆိုဒ်တွေမှာ ကြော်ငြာအဖြစ်ထည့်နိုင်ပါတယ်။ ကြော်ငြာဖို့အတွက် ကြော်ငြာတစ်ခုကို အရင်လုပ်ရပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့်ကြော်ငြာနာမည်၊ အဲဒီကြော်ငြာအကြောင်းကို အကျဉ်းချုပ်ရယ်၊ ပြီးရင် ကိုယ်ရဲ့ referral လင့်ရယ်ကို ထည့်ပေးရပါတယ်။ ကြော်ငြာတစ်ခု လုပ်လိုက်ပြီးဆိုရင် အဲဒီ ကြော်ငြာကို PTC ဆိုဒ်က အရင်စစ်ဆေးပါတယ်။

သူတို့အတည်ပြုပြီးလို့ ကြော်ငြာခွင့်ရတယ်ဆိုရင် ကလစ်အရေအတွက်ကို ၀ယ်ရပါမယ်။ ကြော်ငြာအမျိုးအစား၊ ကြော်ငြာကြည့်ဖို့အတွက် ကြာချိန်ရယ်၊ ကြော်ငြာကြည့်တဲ့သူနေတဲ့ နိုင်ငံရယ်ကို ကန့်သတ်လို့ ရ၊မရ ပြီးတော့ ကိုယ်ဝယ်ချင်တဲ့ ကလစ်အရေအတွက် ပေါ်မူတည်ပြီး ဈေးနှုန်းက ကွာသွားပါတယ်။ ပြီးရင် အဲဒီကြော်ငြာကို ကိုယ်ကကြော်ငြာလိုက်ပေါ့။ တကယ်လို့ ကိုယ်ကြော်ငြာကို ကလစ်မိပြီး အခြားသူက အကောင့်လာလုပ်မယ်ဆိုရင် ကိုယ့်ဆီကို DR အနေနဲ့ ရောက်လာပါလိမ့်မယ်။ ကိုယ်ရဲ့ Referral လင့်မှ မဟုတ်ပါဘူး။ ကိုယ်ကြော်ငြာချင်တာကို ကြော်ငြာလို့ ရပါတယ်။ ကိုယ့်ဘလော့ကို ကြော်ငြာချင်တယ်ဆိုလဲ ရပါတယ်။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

Direct Referral ရအောင် ဘယ်လိုလုပ်ရမလဲ

(၁)Direct Referral ဆိုတာကတော့ ကိုယ်ရဲ့ Referral လင့်ကနေ အကောင့်ကို Register လုပ်သွားတဲ့အခါမှာ ကိုယ့်ဆီကို ရောက်လာတဲ့ member တွေကို ပြောတာပါ။ သူတို့ကိုကျ ငွေပေးပြီး ၀ယ်စရာမလိုတဲ့အတွက် ကိုယ့်အတွက် အကုန်အကျ တော်တော်သက်သာပါတယ်။ ကိုယ့်ဆီမှာ DR တွေရှိတယ်ဆိုရင် DR တွေဆီကနေ ကိုယ်က ကလစ်အရေအတွက်တချို့ကို credit အနေနဲ့ ရပါတယ်။

ဒါပေမယ့် DR တွေ ကြည့်သမျှ ကလစ်အရေအတွက် အားလုံးကို credit ပေးတာမဟုတ်ဘဲ ကလစ်လေးခုကိုပဲ ပေးတာပါ။ ပြီးတော့ ဘယ်ကြော်ငြာ (များသောအားဖြင့်တော့ ငွေပိုပေးထားတဲ့ 0.01$ နဲ့အထက် ကြော်ငြာ) တွေကိုကြည့်မှ credit ပေးတာပါ။ တချို့တွေက DR တွေကလစ်သမျှ ကလစ်အရေအတွက်အားလုံးကို ရတယ်လို့ ထင်နေကြပါတယ်။ အများဆုံးမှ (DR ရဲ့ membership ပေါ်မူတည်ပြီး) ကလစ်လေးခုကနေ ရှစ်ခုအထိပဲ ရနိုင်တာပါ။

ဒါပေမယ့် အဲလို ကလစ်လေးချက်ပဲ ရပေမယ့် သူတို့အတွက် ငွေအကုန်အကျမရှိတဲ့အတွက် ကိုယ့်အတွက် အပိုဝင်ငွေအနည်းငယ်တော့ ရနိုင်ပါတယ်။ သူတို့ကို သက်တမ်းတိုးပေးစရာလဲ မလိုပါဘူး။ သူတို့အကောင့်ကို မပိတ်မချင်း(တခါတလေမှာ သူတို့ ဘမ်းခံရတာကလွဲရင်) ကိုယ့်အကောင့်ထဲမှာ DR အဖြစ်နဲ့ အမြဲတမ်းရှိနေမှာပါ။

ဒါပေမယ့် DR ရဖို့အတွက်ကတော့ ခက်ပါတယ်။ လူတိုင်းက ကိုယ့်အကောင့်အောက်မှာ Register လုပ်ချင်ကြတာ မဟုတ်ပါဘူး။ ပြီးတော့ ဆိုဒ်တခုမှာ သူက Register လုပ်ပြီးသွားလို့ ကလစ်နေပြီးသားသူဆိုရင် သူကလည်း အကောင့်အသစ် ထပ်ပြီးတော့လုပ်ချင်တော့မှာ မဟုတ်တဲ့အတွက် ကိုယ့်ဆီကို DR အဖြစ်နဲ့ မရနိုင်တော့ပါဘူး။

DR တွေ ရနိုင်တဲ့နည်းလမ်း တချို့ကို ရေးပေးပါမယ်။ PTC ဆိုဒ်တွေရဲ့ ဖိုရမ်တွေကနေ တွေ့တာတွေကို ပြန်ရေးပေးထားတာပဲ ရှိတာပါ။ တကယ်လို့ ဖတ်ဘူးပြီးသားဖြစ်ရင်တော့ မဖတ်ဘဲ ကျော်သွားနိုင်ပါတယ်။

၁။ ကိုယ်ရဲ့ referral လင့်ကို ဖိုရမ်တွေမှာ ကြော်ငြာပါ။ ဒါပေမယ့် တအားကို မျက်စိနောက်အောင်တော့ မကြော်ငြာမိပါစေနဲ့။ ကိုယ်ကလည်း အခြားသူတို့အတွက် အကျိုးရှိမယ့် ပို့စ်တွေကို ရေးပြီးတင်ရင်းနဲ့ ကိုယ့်ရဲ့လင့်ကိုပါ တခါတည်းတင်ပေးပါ။
ဒါပေမယ့် PTC ဆိုဒ်တွေရဲ့ ဖိုရမ်တွေမှာတော့ အဲလို referral လင့်တွေအပါအ၀င် အခြားဘယ်လင့်ကိုမှ တင်ခွင့်မရှိပါဘူး။ Referral လင့်ကတော့ http://www.neobux.com/?r=Username ပုံစံမျိုးပါ။ တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။

၂။ ကိုယ်ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကိုလည်း PTC ဆိုဒ်တွေအကြောင်းကို သေချာပြောပြပြီး စိတ်ဝင်စားလာအောင် ဆွဲဆောင်ပါ။ ဒါပေမယ့် အိုင်ပီတူနေလို့ ကိုယ်ပါ ကြော်ငြာမရတာမျိုးတော့ သတိထားရပါမယ်။

၃။ အခြားသူတွေမြင်ရင် စိတ်ဝင်စားနိုင်မယ့် ကြော်ငြာတွေ ရေးပြီး PTC ဆိုဒ်တွေဆိုတာ ဘာလဲဆိုတာကို ရှင်းပြပြီး ကိုယ်ရဲ့လင့်ကို တခါတည်းထည့်ပြီး ဂျာနယ်တွေမှာ ကြော်ငြာနိုင်ပါတယ်။ ဒါမှမဟုတ် လူသုံးများတဲ့ Social network တွေ (Facebook လို) နေရာမျိုးတွေမှာ ကြော်ငြာနိုင်ပါတယ်။

၎။ ကိုယ်တိုင်လည်း PTC ဆိုဒ်တွေအကြောင်း ဘလော့တွေရေးပြီး ကြော်ငြာပါ။ ကိုယ်ရဲ့ ဘလော့ကိုလည်း လာဖတ်တဲ့သူများအောင် လုပ်ပါ။ ကိုယ်ရဲ့ ဘလော့ကို လာဖတ်တဲ့သူတွေ အကောင့်လုပ်ပြီး ကလစ်ချင်အောင် ကိုယ်ကလည်း ရေးနိုင်ဖို့ လိုပါလိမ့်မယ်။

၅။ PTC အကြောင်းတွေကို ရှင်းပြထားတဲ့ ဗွီဒီယိုဖိုင်တွေ လုပ်ပြီး Youtube လိုနေရာမျိုးမှာတင်ပါ။ ပြီးတော့ ကိုယ်ရဲ့ referral လင့်ကိုလည်း အောက်မှာတခါတည်းထည့်ပေးပါ။

၆။ Chatting တွေကနေ သိတဲ့သူတွေကိုလည်း သူတို့ကို သေချာပြောပြီး ဆွဲဆောင်နိုင်ပါတယ်။ သူတို့ဆီကို ကိုယ်ရဲ့ referral လင့်ကို ပို့ပြီး PTC ဆိုဒ်တွေအကြောင်း ပြောပြပါ။

၇။ ကိုယ်တိုင်လည်း PTC ဆိုဒ်တွေအကြောင်း ရှင်းပြတဲ့ ကျူတိုရီရယ်တွေ ရေးပါ။ ပြီးရင် ကိုယ်ရဲ့လင့်ကို တခါတည်းထည့်ပါ။ ပြီးတော့ PDF အဖြစ်ပြုလုပ်ပြီး သူငယ်ချင်းတွေဆီ ပို့ပါ၊ ဒါမှမဟုတ် လူသိများစေမယ့် နေရာတွေမှာ ဒေါင်းလုပ်အလွယ်တကူ လုပ်လို့ရအောင် တင်ပေးပါ။

၈။ အွန်လိုင်းဂိမ်းတွေ ဆော့တယ်ဆိုရင် ဂိမ်းဆော့တဲ့သူအချင်းချင်း စာရိုက်ပြီး ကြော်ငြာဝင်ပါ။ ကိုယ့်ရဲ့လင့်ကိုလည်း ပို့ပေးလိုက်ဖို့ မမေ့ပါနဲ့။

၉။ DR ရဖို့အတွက် Referral exchange ဆိုဒ်တွေမှာလည်း ၀င်ပြီးတော့ Register လုပ်ပြီး DR ရှာနိုင်ပါတယ်။ အဲဒီဆိုဒ်တွေက PTC ဆိုဒ်တွေနဲ့တော့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် သူက ကြော်ငြာတွေ ကြည့်ပြီးရင် ငွေမရဘဲ Point တွေပဲ ရပါတယ်။ ပြီးရင် အဲဒီ Point တွေကို သုံးပြီး DR ရှာရတာပါ။ Point တွေကို ၀ယ်မယ်ဆိုရင်လဲ ၀ယ်လို့ရနိုင်ပါတယ်။

အဲဒီဆိုဒ်တွေရဲ့ အကြောင်းကို နည်းနည်းပြောပြပါမယ်။ ကိုယ်ကအဲဒီမှာ Referral exchange မှာ ကိုယ်ရဲ့ referral လင့်ကို တင်ရပါတယ်။ ပြီးရင် ကိုယ်ရဲ့လင့်အောက်မှာ အကောင့်လုပ်ပြီးကြော်ငြာကြည့်လို့ရင် သုံးရက်ပြည့်ရင် Point ဘယ်လောက်ပေးမယ်ဆိုတာ ထည့်ပေးရပါတယ်။ ပြီးရင် အပိုဆုအနေနဲ့ (ထည့်ချင်ထည့်နိုင်ပါတယ်) ဥပမာအနေနဲ့ တစ်လကြည့်ရင်ကျ အပို Ponit ဘယ်လောက်ပေးပါမယ်ဆိုတာ ကို ထည့်ရေးနိုင်ပါတယ်။ 

အခြားသူတွေကလည်း Point လိုချင်တဲ့အတွက် ကိုယ်ပေးထားတဲ့ လင့်မှာ အကောင့်လာလုပ်ပါလိမ့်မယ်။ သူတို့ရဲ့ အကောင့်နာမည်ကို ပေးပါလိမ့်မယ်။ သူတို့က သုံးရက်နေရင် ကိုယ့်ဆီကို သူတို့ကို ပေးမယ်လို့ ပြောထားတဲ့ Point ကို တောင်းပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်ကနေ သူတို့ တကယ်ကလစ်လား မကလစ်ဘူးလားဆိုတာကို သေချာကြည့်ပြီး Point ကို ပေးခွင့်၊ ငြင်းခွင့်ရှိပါတယ်။ သူတို့ကလည်း တကယ်ကလစ်တာများပါတယ်။ ကိုယ်က Point မပေးဘဲ ငြင်းတာ များလာရင် ကိုယ့်အကောင့်နာမည်က တဖြည်းဖြည်း အရောင်ပြောင်းလာပါတယ်။ အဲဒါဆိုရင် အခြားသူတွေက နောက်ကို ကိုယ်ပေးထားတဲ့လင့်မှာ အကောင့်လာမလုပ်ကြတော့ပါဘူး။ 

အဲလို သူတို့တွေ အကောင့်လာလုပ်ဖို့အတွက် ကိုယ်ကိုတိုင်ကလည်း Point ရှာဖို့အတွက် ကြော်ငြာတွေကို ကြည့်ရသလို့၊ အခြားသူတွေရဲ့လင့်တွေအောက်မှာ အကောင့်လုပ်ပြီး ကြော်ငြာတွေ ကြည့်ပေးရပါတယ်။ ကိုယ်က Point ပိုပေးနိုင်လေ ကိုယ့်အတွက် DR ရဖို့ ပိုသေချာလေ ပါပဲ။ အဲဒီလိုနည်း ကိုယ်ကသူများလင့်တွေမှာ အကောင့်လုပ်ပြီး Point ရှာလိုက်၊ သူများတွေကို အကောင့်လုပ်ခိုင်းပြီး Point ပေးလိုက်နဲ့ သံသရာလည်နေကြပါတယ်။

Referral exchange အကြောင်းကိုတော့ နောက်မှ ပို့စ်တစ်ခုအနေနဲ့ တင်ပေးပါမယ်။ အခုတော့ အဲလိုနည်းတွေနဲ့ DR တွေကိုရှာလို့ ရတယ်လို့ပဲ မှတ်ထားပေးပါဦး။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

Saturday 24 January 2015

AutoPay


ကျွန်တော်တို့က Referral ကို တစ်လတိတိ ငှားထားလို့ရတယ်လို့ ပြောခဲ့ပါတယ်။ AutoPay ဆိုတာက ကိုယ်ငှားထားပြီးသားဖြစ်တဲ့ Referral ကို တစ်ရက်တည်း ထပ်တိုးပြီးငှားဖို့ အတွက်ပါ။ ဘယ်အချိန်မှာ အဲလိုထပ်တိုးပြီး ငှားလိုက်သလဲဆိုရင် ကိုယ့်ရဲ့ Referral က ကလစ်တစ်ချက်နှိပ် (ကြော်ငြာတစ်ခုကြည့်)လိုက်ပြီဆိုတာနဲ့ အဲဒီ Referral ကို တစ်ရက် ပိုပြီးတော့ ငှားလိုက်ပါတယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့က Autopay ကို Enable လုပ်ထားတယ်ဆိုပါစို့။ ကလစ်မနှိပ်သေးခင်အချိန်မှာ ကျွန်တော်တို့ရဲ့ Referral မှာ remaining day က 23 ဖြစ်နေရင် သူ ကလစ်လုပ်လိုက်တာနဲ့ remaining day က 23+1=24 ဖြစ်သွားပါတယ်။ အဲဒီတစ်ရက်စာအတွက် ငှားခကို Rental balance ထဲကနေ အော်တိုဖြတ်ယူသွားပါတယ်။ Rental balance ထဲမှာ ငွေမရှိရင်တော့ တစ်ရက်ထပ်တိုးမပေးပါဘူး။

တကယ်လို့သာ ကျွန်တော်တို့ရဲ့ Referral က အဲဒီနေ့အတွက် ကလစ်လုံးဝမလုပ်ခဲ့ဘူးဆိုရင် နောက်တစ်ရက်ရောက်တာနဲ့ remaining day က 23-1=22 ဖြစ်သွားပါလိမ့်မယ်။ ပုံမှန်အတိုင်းရက်ကို လျှော့သွားပါလိမ့်မယ်။ သူအတွက်လည်း တစ်ရက်စာ ငွေပေးစရာမလိုပါဘူး။

နောက်တစ်ခုမှတ်ထားရမှာ AutoPay က remaining day က ရက် ၂၀ အောက်ကို ရောက်သွားရင် တစ်ရက်ထပ်ပေါင်းပြီး တိုးမပေးတော့ပါဘူး။

AutoPay မှာ ကောင်းတာတွေရှိပါတယ်။

၁။ ကျွန်တော်တို့ရဲ့ အလုပ်ကို ပုံမှန်အတိုင်းကောင်းကောင်းလုပ်နေတဲ့ Referral တွေရဲ့ ငှားထားတဲ့ သက်တမ်းကုန်သွားမှာ စိုးရိမ်စရာမလိုပါဘူး။ Rental balance ထဲကိုတော့ ငွေပုံမှန်ထည့်ထားဖို့ လိုပါတယ်။

၂။ Referral က တစ်လငှားမယ်ဆိုရင် ပုံမှန်ဆိုဒ်တော်တော်များများမှာ 0.2$ ရှိပါတယ်။ တစ်ရက်ကို $0.2/30=$0.006667 လောက် ပေးရပါတယ်။ ဒါပေမယ့် AutoPay ကနေ တစ်ရက်ထပ်ငှားတယ်ဆိုရင် $0.006667 ပေးစရာမလိုဘဲ discount 15% ပိုသက်သာပါတယ်။

AutoPay မှာ မကောင်းတာလည်း ရှိပါသေးတယ်။

၁။ ကျွန်တော်တို့ရဲ့ Referral က ပုံမှန်အတိုင်းအလုပ်ကောင်းကောင်းမလုပ်ဘဲ တနေ့ကို ကလစ်တစ်ချက် တည်းပဲ နှိပ်တယ်ဆိုပါစို့။ အဲဒါဆိုရင် AutoPay ကိုဖွင့်ထားတယ်ဆိုရင် သူ့ကိုလည်း တစ်ရက်ထပ်တိုးပြီး ငှားနေမှာပါ။ (AutoPay က Referral တစ်လိုင်းချင်းပေါ်မှာပေးထားလို့ မရပါဘူး။) အဲဒါဆိုရင် သူ့ဆီက ရမယ့်ဝင်ငွေက ပုံမှန်ဆိုရင် သူကြော်ငြာကြည့်ခရဲ့ 50% ဖြစ်ပါတယ်။ အဲဒါဆိုတော့ တစ်နေ့ကို (0.01/2)-0.006667= -0.001667$ လောက် အရှုံးပြနေမှာပါ။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's