Sunday 28 December 2014

Bitcoin Mining အခြေခံ


Bitcoin mining တူးဖို့အတွက်ကတော့ အဓိက Hardware ( ၃ ) မျိုးရှိတယ် ။ အဲတာတွေကတော့ GPUs , FPGAs , ASCIs ဆိုပီးတော့ ။
အဲမှာမှ မပါမဖြစ်ကတော့
Computer ပဲပေါ့ ။ Computer က CPU ရဲ့ ပါဝါကို အသုံးပြုပြီး Mining လုပ်ရတာဆိုတော့
CPU ပါဝါတစ်ခုထဲနဲ့ဆိုရင် အခုချိန်မှာ အရမ်း speed နှေးသွားပီး ။ အဲတော့မြန်အောင် Graphic Card ကောင်းကောင်းတွေ တပ်ပီးတော့တူးကြတယ် ။
အဲတာကြောင့် တနည်းအားဖြင့် CPU / GPU Mining လုပ်တယ်လို့ခေါ်တယ်လေ ။ Graphic Card ကိုအသုံးပြုရတာကတော့ Hash rate မြင့်ဖို့အတွက်ပဲ ။ Hash rate ဆိုတာကတော့ Mining
section တွေမှာ သချာင်္ဆိုင်ရာပြသနာတွေကို Per / sec တိုင်းမှာ အလျင်အမြန်တွက်ထုတ်နိုင်တဲ့နှုန်း ဖြစ်တယ် ။
အဲဒီနှုန်းတွေကို megahashes, gigahashes, and terahashes per second (MH/sec, GH/sec, and TH/sec ဆိုပီးတော့ တိုင်းတယ် .. Hash rate မြင့်လေလေ သချာင်္ဆိုင်ရာပြသနာ Block transaction
တွေကိုဖြေရှင်းနိုင်တာမြန်ပီးတော့ Bitcoin အရများမယ်လေ။
CPU / GPU Mining မှာ CPU ဆိုတာကတော့ Central Processing Unit လို့ခေါ်တဲ့ ကွန်ပျူတာရဲ့ ဦးနှောက်လို့တင်စားခေါ်ထားတာဖြစ်ပီး GPU ကတော့ graphical processing unit လို့ခေါ်တဲ့ Graphic Card ကိုခေါ်တာလေ။ Graphic Card မှာလူသိများတဲ့ Brand တွေကတော့ ATI နဲ့ Nvidia ဆိုပီး ၂ ခုရှိတယ် ။ Hash rate မြင့်တဲ့ Card တွေကတော့ ဒေါ်လာရာကျော်ဈေးပေါက်တယ် ။
FPGAs Mining ဆိုတာကတော့ Field Programmable Gate Array ကိုခေါ်တာဖြစ်တယ် ။ အဲတာက Circuit ပုံစံနဲ့ထုတ်ထားတဲ့ Chipset ပေါ့ ။ အဲဒီ Circuit Board တွေကို Box တစ်ခုထဲမှာ တစ်ခု ( သို့ ) တစ်ခုထက်ပိုတပ်ဆင်ပီး သုံးနိုင်တယ် ။
စွမ်းအင်အမြင့်ဆုံး Chipset တစ်ခုက 750 megahashes / sec လောက် ရှိတယ်။
ASCIs Mining ဆိုတာက Application Specific Integrated Circuits ကိုခေါ်တာဖြစ်တယ် ။ အဲတာက ပါဝါစားတာသက်သာတယ် . ( electricity ) ။ အဲဒီ Circuit ကို အချိန်ယူပီးထုတ်ရတော့ဈေးကြီးတယ် ။
ဒါပေမဲ့ သူ့ရဲ့ speed ကတော့ 500 gigahashes / sec လောက်ရှိတယ်။ ဒါတွေကတော့ သိသလောက်အကြမ်းဖျင်းဖြစ်တယ်။
ကျနော်တို့နဲ့ လက်လှမ်းမှီတာကတော့ GPUs mining ပဲ ။ CPU ကောင်းကောင်းလေးနဲ့ Graphic Card ကောင်းကောင်းလေးလောက်ရှိရင် Mine စတူးလို့ရပီ။
Mine စတူးမယ်ဆိုရင်
( ၁ ) ကိုယ်တူးမဲ့ Bitcoin client ( မိုင်းတွင်း)
( ၂ ) Bitcoin client လက်ခံတဲ့ software ( မိုင်းတွင်းက website မှာ download လုပ်လို့ရတယ် ) ။
( ၃ ) Mine တူးဖို့ ဆင်ထားတဲ့ computer
ဒါဆိုအလုပ်စလို့ရပီ ။
Mine မတူးခင်တော့ ကိုယ်ဆင်ထားတဲ့စက်ရဲ့ပါဝါနဲ့ Bitcoin ရနှုန်းလေးကိုတော့ Internet မှာရှာပီးလေ့လာကြည့်ပါ။

Bago Thu Facebook မှကူးယူဖော်ပြသည်<<<Thank's

1 comment:

  1. YoBit lets you to claim FREE CRYPTO-COINS from over 100 unique crypto-currencies, you complete a captcha one time and claim as many as coins you need from the available offers.

    After you make about 20-30 claims, you complete the captcha and continue claiming.

    You can press CLAIM as much as 50 times per one captcha.

    The coins will safe in your account, and you can exchange them to Bitcoins or USD.

    ReplyDelete