Monday 22 June 2015

Perfect Money အွန်လိုင်းဘဏ်အကောင့် ဖွင့်ရအောင်

https://perfectmoney.is/?ref=1744648


Perfect Money Intro
Perfect Money (PM) ဆိုတာ အားလုံးအတွက် အဆင်ပြေ လွယ်ကူမြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့ Online Payment Processor တစ်ခုဖြစ်ပါတယ်။ 2007 ခုနှစ်မှာစတင်ထွက်ပေါ်လာတဲ့ Perfect Money ဟာ Liberty Reserve တရားမ၀င်ကြေငြာပိတ်သိမ်းခံရပြီးတဲ့နောက် တစ်ရှိန်ထိုးနာမည်ရလာခဲ့ပါတယ်..။ PayPal လောက် policy မတင်းကြပ်တဲ့အတွက် မြန်မာနိုင်ငံကနေလည်း အဆင်ပြေလွယ်ကူစွာ ဖွင့်သုံးနိုင်ပါတယ်.. လုံခြုံရေးအားနည်းတယ်ဆိုတာက verify ဖြစ်အောင် မလုပ်ကြတာရယ်.. သုံးစွဲသူ ကိုယ်တိုင်ကလည်း ပေါ့ဆလို့ပဲဖြစ်ပါတယ်..။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်အောင် လည်း PM က လုပ်ပေးထားပြီးဖြစ်ပါတယ်..။ verify မဖြစ်သေးလည်းဘဲ ကိုယ်တိုင်က သုံးတတ်မယ်ဆို လုံခြုံမှုရှိပါတယ်။ ဖုန်းအတွက် PM apk တွေရှိပါတယ်..။ လုံးဝမသုံးပါနဲ့..။ Browser ကနေပဲ ပုံမှန်အတိုင်းသွားပါ..။

Registration to Perfect Money
Register လုပ်ဖို့အတွက် အောက်က ပုံလေးကို နှိပ်လိုက်ပါ…

https://perfectmoney.is/?ref=1744648

 Register Page ကို တန်းရောက်သွားပါ့မယ်.. ပုံကိုကြည့်ပါ..

Form ဖြည့်ရင်း မှတ်စုစာအုပ်မှာလည်း ရေးမှတ်သွားပါ။

Account name : နှစ်သက်ရာ အမည်ပေးပါ..။ (PaidVerts မှာပေးထားတဲ့ user name ပဲပေးလည်း ရပါတယ်)။ စာလုံးအကြီးအသေး နှစ်သက်သလိုရေးနိုင်၊ space ခြားနိုင်ပါတယ်..။ ဒါပေမယ့် တစ်ဆက် တည်းရေးပါ..။ ဒီ Account name က ငွေပို့  ငွေလွှဲတဲ့အခါ ဖော်ပြပေးမယ့်၊ တစ်ဖက်လူကလည်းမြင်ရမယ့် name ဖြစ်ပါတယ်..။

Full name* : မိမိ နာမည်အရင်းကိုပေးပါ..။ verify လုပ်တဲ့အခါ နာမည်အရင်းဖြစ်ဖို့လိုပါတယ်..။ တစ်ဆက်တည်းမရေးပါနဲ့.. space ခြားပါ။

City* : မိမိ အမှန်တကယ်နေထိုင်တဲ့ မြို့အမည်ရေးပါ။

Address : မိမိ အမှန်တကယ်နေထိုင်တဲ့ လိပ်စာရေးပါ။ ( မထည့်ချင်သေးလည်းရပါတယ်..။ verify လုပ်မှ ထည့်လည်းရတယ်.. address proof ပြရပါမယ်..)

Country* : နိုင်ငံရွေးပါ..။ (Myanmar ဆိုတာမတွေ့ရင် Burma ကိုရွေးပါ)

Zip/Postal code* : စာပို့သင်္ကေတကုဒ်/ ဒေသကုဒ်လို့ခေါ်ပါတယ်.. 
သက်ဆိုင်ရာမြို့တိုင်းမှာ သူ့ကုဒ်နဲ့သူရှိပါတယ်..။ မိမိမြို့ရဲ့ ကုဒ်ကို မသိရင်.. ဒီလင့်မှာ သွားကြည့်ပြီး ရှာယူပါ..။

E-mail* : အသုံးပြုမယ့် email ထည့်..။ (PaidVerts မှာ သုံးတဲ့ email ပဲထည့်ပါ..)
Phone/fax : MPT G, MEC, C800, Telenor, Oredoo ဖုန်းနံပါတ်တစ်ခုခုထည့်ပါ..။ +95 ခံပါ။ (ဖုန်းနံပါတ်မထည့်ချင်သေးလည်းရပါတယ်..။ verify လုပ်မှ၊ SMS login လုပ်မှ ထည့်လည်းရတယ်..)
Account type : သင်တစ်ဦးတည်းသုံးမှာမို့ Personal ရွေးပါ။
Password* : စာနဲ့ ဂဏန်းပါဝင်ပြီး စာလုံးရေ ၆ လုံးကျော်အောင်ထည့်ပါ။ (ဥပမာ-1234mmggii)
Retype Password* : ပေးလိုက်တဲ့ password ကို အတည်ပြုဖို့ ထပ်ထည့်ပါ။
Turning number* : ပုံမှာပြထားတဲ့အတိုင်း ပုံပျက် ဂဏန်း ၅ လုံးကို သူ့ အောက်ကအကွက်မှာ တူအောင်ရေးထည့်ရမှာပါ.. ဥပမာ - 42769
I agree with terms and conditions. ကို အမှန်ခြစ်ပါ။
Register ကိုနှိပ်လိုက်ပါ။
ဖြည့်ထားတာတွေ မှန်တယ်ဆိုရင် အောက်ပုံအတိုင်း Welcome! Page ကိုရောက်ပါမယ်.. သင့်ရဲ့ Member ID ကို သင့် mail ထဲ ပို့လိုက်ပြီလို့ပြောပါတယ်..။

Login to Perfect Money
သင့် mail ထဲဝင်ကြည့်လိုက်ပါ။ Perfect Money ဆီက mail ရောက်နေပါ့မယ်..။ မရောက်သေးရင် SPAM ထဲမှာလည်း ရှာကြည့်ပါ.။  အများအားဖြင့် InBox ထဲ တန်းရောက်ပါတယ်..။ တွေ့ရင် ဖွင့်လိုက် ပါ.. အောက်ပုံကိုကြည့်ပါ..

Member ID ကိုတွေ့ပါမယ်။ အဲ့ဒါကို selection ပေးပြီး copy ယူပါ။ မှတ်စုစာအုပ်မှာ လည်း ရေးမှတ်ထားပါ။ Account Login ၀င်တိုင်း အဲ့ဒီ Member ID နဲ့အတူ သင်ပေးထားတဲ့ password နဲ့ ၀င်ရပါမယ်..။ Perfect Money ကိုသွားပြီး Login ကိုနှိပ်လိုက်ပါ။ ပုံပါအတိုင်း Login page ကိုရောက်ပါမယ်..

Member ID ဖြည့်၊ password ဖြည့်၊ ပုံဖျက် ဂဏန်းဖြည့်ပြီး Authorize ကိုနှိပ်လိုက်ပါ..။  Perfect Money အကောင့်ထဲ တန်းရောက် သွားပါမယ်..။ အကယ်၍ နောက်ပိုင်းမှာ သင် နောက်တစ်ကြိမ် login ၀င်တဲ့အခါ ပထမအကြိမ်ဝင်တဲ့ IP, Browser, OS စတာတွေထဲက တစ်ခုခုနဲ့ လွဲနေတယ်လို့ PM ကစစ်ဆေးတွေ့ရှိရင် အကောင့်ထဲ တန်းဖွင့်မပေးဘဲ သင့် mail ထဲ PIN code ပို့လိုက်ပြီး အဲ့ဒီ PIN code ကို ထည့်ခိုင်းပါလိမ့်မယ်..။ mail ထဲသွားပြီး PIN သွားယူပါ.. အောက်ပုံကိုကြည့်ပါ..

ပုံထဲက PIN ကို copy ယူပြီး.. Perfect Money မှာ ဖြည့်ပါ.. Continue ကိုနှိပ်ပါ..

အောက်ပုံက My Account ထဲရောက်သွားတဲ့ပုံပါ..


(အပေါ်နားမှာ ခေါင်းလောင်းပုံလေးနဲ့က အကောင့်ထဲကို တစ်ယောက်ယောက်ဆီက လွှဲငွေ ရောက်လာတဲ့ noti ပါ။)
ဘေးဘက်က My Accounts ကိုကြည့်ပါ..။ အောက်မှာ G (Gold), U (USD dollar), E (Euro) ဆိုပြီး အကောင့် ၃ မျိုးရှိပါတယ်။ Euro သုံးမယ်ဆိုရင် E နဲ့စတဲ့ အကောင့်ကို သုံးရပါမယ်။ Dollar ($) သုံးမှာဖြစ်လို့ အလယ်က U နဲ့စတဲ့ အကောင့်ကို သုံးရပါမယ်..။

(PaidVerts မှာ Perfect Money account ထည့်ရတဲ့ အခါ PaidVerts က $ နဲ့ပေးတာမို့ အဲ့ဒီ U1234678 ကို ထည့်ပေးရမှာပါ..) ဒီ အကောင့်ကို မှတ်စုမှာ ရေးမှတ်ထားပါ..။  မိမိထံ ငွေပို့ပေးမယ့်သူဆီကို အဲ့ဒီ အလယ်ကအကောင့် ပေးရပါ့မယ်..။ U လည်း ပါရမယ်..။ U ရှေ့က ဂဏန်းတွေလည်း မမှားအောင်ရေးမှတ်ထားပါ။ ဂဏန်းတစ်လုံး နေရာလွဲသွား ရင် တစ်ဖက်က ပို့တဲ့ငွေ ကိုယ့်ဆီမရောက်ဘဲ ကံထူးရှင်ဆီရောက်သွားပါလိမ့်မယ်..။:-)
 perfectmoney account ဖွင့်ခြင်း ပြီးမြောက်သွားပါပြီ ။ အသုံးပြုပုံနှင့် အကောင့် လုံခြုံရေးကိုတော့ နောက် ပို့စ် တခုအနေဖြင့် တင်ပေးပါမယ်။

e-money bazic blog မှကူးယူဖော်ပြသည် <<< Thank's


2 comments:

  1. The top facts about Clixsense's Get Paid To Click Program:
    1. $0.001 - $0.02 per click.
    2. 5 seconds starting timer.
    3. Revisit every 24 hours.

    ReplyDelete
  2. QUANTUM BINARY SIGNALS

    Professional trading signals delivered to your mobile phone daily.

    Start following our signals NOW & profit up to 270% a day.

    ReplyDelete