Saturday 24 January 2015

Break Even Point (BEP)


BEP ဆိုတာက ကျွန်တော်တို့ရဲ့ Referral တွေ တစ်နေ့ကို ကလစ်အရေအတွက် ဘယ်လောက်နှိပ်ရင် သူတို့ကို ငှားထားတဲ့ ငှားခပြန်ရမလဲဆိုတာ တွက်တာပါ။ BEP မှာ တွက်ရတဲ့ နှုန်းအတိုင်း Referral က ကလစ်နှိပ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရင်းပါပဲ။ လျော့ပြီးတော့ နှိပ်မယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးပေါ်နေပါပြီ။ ပိုပြီးနှိပ်နေမယ်ဆိုရင်တော့ အမြတ်တွေရနေပြီပေါ့။ အဲဒီလို သိနိုင်ဖို့အတွက် BEP ကို တွက်ချက်ကြည့်ရအောင်ပါ။

ကျွန်တော်တို့ Referral ငှားမယ်ဆိုရင် ပထမဆုံးလမှာ တစ်လိုင်းကို 0.2$ ပေးရပါတယ်။ တစ်ရက်ကိုဆိုရင် (0.2$)/(30days)= 0.006667 $/day လောက် နေ့တွက်ပေးပြီးတော့ ငှားထားရတာပါ။ တကယ်လို့ ကျွန်တော်တို့က standard member ပဲရှိသေးတယ်ဆိုရင် Referral ဆီက ကလစ်တစ်ချက်ကို 0.005$ ပဲ ရတာပါ။ အဲဒီတော့ Referral တွေက တစ်နေ့ကို အရင်းပြန်ရဖို့ အတွက် ကလစ်အရေအတွက် (0.006667 $/day)/(0.005 $/click) = 1.333 click/day လောက် ရှိပါမယ်။ အဲဒီတန်ဖိုးဟာ ကျွန်တော်တို့အတွက် BEP တန်ဖိုးပါပဲ။ 

Referral တွေက တစ်နေ့ကို 1.333 ထက်နည်းပြီးတော့ ကလစ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးဖြစ်နေပါပြီ။ အလုပ်မလုပ်တဲ့ Referral တွေကို သေချာရှာပြီး ရှင်းထုတ်ဖို့ လိုလာနေပါပြီ။ 

BEP ကို အလွယ်တကူ ကြည့်ဖို့အတွက် အောက်မှာ အဆင်သင့်ကြည့်လို့ရတဲ့ chart တွေ ပြထားပါတယ်။

အောက်မှာ ပေးထားတဲ့ chart က ပထမဆုံးစပြီးတော့ ငှားတဲ့လအတွက် BEP တွေဖြစ်ပါတယ်။ Chart တွေကို သေချာကြည့်လိုက်ပါ။ Golden member အတွက်က BEP ပိုပြီးတော့ နိမ့်တာကို တွေ့ရပါတယ်။ တစ်နေ့ကို Referral က ကြော်ငြာတစ်ခုကြည့်ရင်ကို သူ့အတွက် အမြတ်ရနေပါပြီ။ အဲဒါကြောင့် Upgrade ကိုတော့ လုပ်ဖြစ်အောင် လုပ်ဖို့ အကြံပေးချင်ပါတယ်။


အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ standard member အတွက် BEP တွေဖြစ်ပါတယ်။


အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ golden member အတွက် BEP တွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် golden member တွေက အမြတ်ပိုရဖို့ သေချာပါတယ်။


Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

No comments:

Post a Comment