Sunday 28 December 2014

PTC ဆိုတာ ဘာပါလိမ့်


PTC = Paid To Click
******************
မြန်မာလိုဘာ သာ ပြန်ရင် ကြော်ညာကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။
အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။
ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့
သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။
ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့ နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook, အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့ အဲ့ဒိ Social ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။
ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး။
အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊ အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊။
ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊ ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊
ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊
ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ သဘောတရားဖြစ်ပါတယ်။
ဒါကြောင့် ယနေ့အခုအခါမှာ facebook စတဲ့ social ဆိုဒ်တွေမှာ ကြော်ညာခြင်း ၊ ကြော်ညာကြည့်ခြင်း အပြင် PTC site တွေမှာ ကြော်ညာထည့်ခြင်း ၊ ကြော်ညာကြည့်ခြင်း လုပ်ငန်းများဟာလည်း နိုင်ငံတကာကသာမက မြန်မာနိုင်ငံမှာလည်း တွင်ကျယ်လာနေပါပြီ ။ ။

No comments:

Post a Comment