Tuesday 20 January 2015

Paypal အွန်လိုင်းဘဏ်အကောင့် ဖွင့်ရအောင်


မြန်မာကနေ Paypal အကောင့်ဖွင့်မယ်ဆိုရင် အရင်ဆုံး Proxy ကျော်ပြီးမှ သုံးဖို့လိုပါတယ်။ အဲဒီအတွက် Your-freedom ဆော့ဝဲအသုံးပြုဖို့အတွက် အကောင့်ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

အရင်ဆုံး https://www.paypal.com/ ကို အရင်ဆုံး ဖွင့်လိုက်ပါ။

ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း Sign Up ကို နှိပ်လိုက်ပါ။


ပြီးရင် Your country or region နဲ့ Your language မှာ အတွက် အဆင်ပြေတာကို ရွေးပေးပါ။ ကျွန်တော်ကတော့ United States နဲ့ English ကို ရွေးလိုက်ပါတယ်။

ပြီးရင် ကိုယ်အတွက်အဆင်ပြေမယ့် Paypal အကောင့်အမျိုးအစားကို ရွေးပေးပါ။ ကျွန်တော်ကတော့ Paypal for personal use ကိုပဲ ရွေးလိုက်ပါတယ်။ (ကိုယ့်အကောင့်ကို နောက်မှ Upgrade အလွယ်တကူ လုပ်လို့ ရပါတယ်။) ပြီးရင် Get Started ကို နှိပ်ပေးပါ။



ပြီးရင် ကျွန်တော်တို့ အကောင့်အတွက်လိုမယ့် အချက်အလက်တွေကို ထည့်ပေးရပါမယ်။


Email address: Paypal အကောင့်အတွက်သုံးမယ့် အီးမေးလိပ်စာကို ထည့်ပေးပါ။ ကျွန်တော်တို့ အွန်လိုင်းမှာ ငွေပေး၊ ငွေချေ၊ ငွေလွှဲတာတွေကို ဒီအီးမေးလိပ်စာနဲ့ပဲ အလုပ်လုပ်သွားမှာပါ။

Choose a password: Paypal အကောင့်အတွက် password ကို ထည့်ပေးပါ။

Re-enter password: အပေါ်မှာ ထည့်ခဲ့တဲ့ password ကို ပြန်ထည့်ပေးပါ။

ပြီးရင် ကျွန်တော်တို့အတွက် လိုအပ်မယ့် Address နဲ့ Postal code ကို ရှာဖို့အတွက် Fake name generator ကို ဖွင့်ပြီး အရင်ရှာထားလိုက်ပါ။ အောက်မှာ ပုံနဲ့ နမူနာ ပြထားပေးပါတယ်။


Legal first name: ကိုယ့်နာမည်ကို နောက်ဆုံးစာလုံးကို ချန်ပြီး ထည့်ပေးပါ။

Legal last name: ကိုယ့်နာမည်ရဲ့ နောက်ဆုံးစာလုံးကို ထည့်ပေးပါ။

Address line 2: ဒီမှာတော့ ဘာမှမထည့်ဘဲ ကွက်လပ်အတိုင်းချန်ထားလို့ ရပါတယ်။

ကျန်တဲ့ဖြည့်ရမယ့် အကွက်တွေကိုတော့ Fake name generator မှရလာတဲ့ အချက်အလက်တွေကို ထည့်ပေးပါ။ အောက်မှာ နမူနာအနေနဲ့ ထည့်ပြထားပါတယ်။


ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Yes I have… မှာ Check box မှာ ကလစ်ပြီးတော့ Check လုပ်ပေးပါ။ ပြီးရင် Agree and Create Account ကို နှိပ်ပေးပါ။


အဲဒါပြီးရင် နောက်ထပ် တက်လာတဲ့ Page မှာ အောက်က အကွက်မှာပြထားတဲ့ Code စာလုံးတွေကို ပြန်ရိုက်ထည့်ပေးပါ။ ပြီးရင် Continue ကို နှိပ်ပေးပါ။


ပြီးရင် နောက်ထပ် တက်လာတဲ့ Page မှာ Go to My Account ကို နှိပ်ပေးပါ။ Bank account နဲ့ Credit card အချက်အလက်တွေကို နောက်မှထည့်ပေးပါမယ်။ 


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်စာမျက်နှာ တက်လာပါလိမ့်မယ်။ အောက်မှာ နမူနာ ပြထားပါတယ်။


ပြီးရင် ကျွန်တော်တို့ရဲ့ အီးမေးလိပ်စာကို Confirm လုပ်ဖို့လိုပါတယ်။ အဲဒီအတွက် Confirm email address ကို နှိပ်ပေးပါ။


အီးမေးလိပ်စာကို Confirm လုပ်တဲ့အခါမှာ နှစ်မျိုးနည်းနည်းကွဲနေပါတယ်။ အောက်မှာ နှစ်မျိုးလုံးကို ဖော်ပြပေးထားပါတယ်။ ကိုယ့်ဆီမှာ ပေါ်လာတဲ့နည်းအတိုင်း ဆက်လုပ်သွားနိုင်ပါတယ်။

နည်းလမ်း(၁)

Confirm email address ကို နှိပ်လိုက်တဲ့ အောက်မှာ ပြထားသလို Page တက်လာပါလိမ့်မယ်။ ကျွန်တော်တို့ဆီကို Confirm အီးမေးမရောက်သေးဘူးဆိုရင် Confirm ကို ထပ်နှိပ်ပြီး အီးမေးထပ်ပို့ ခိုင်းလို့ ရပါတယ်။ 


ပြီးရင် ကျွန်တော်တို့ဆီကို Confirmation အီးမေးရောက်မရောက်ဆိုတာကို မေးထဲကို ၀င်ကြည့်လိုက်ပါတယ်။ မရောက်သေးရင် Confirm ကို ထပ်နှိပ်ပြီး ပို့ခိုင်းပါ။ (တခါတလေမှာ Inbox ထဲကို မရောက်ဘဲ Spam box ထဲကို ရောက်တတ်ပါတယ်။) အီးမေးကို တွေ့ပြီဆိုရင် Confirm my email address ကို နှိပ်ပေးပါ။


ပြီးရင် ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို ၀င်ဖို့အတွက် ပက်ဝက်ကို တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပြီး ပေးပြီး Login လုပ်ပြီး ၀င်လိုက်ပါ။


နည်းလမ်း(၂)

Confirm email address ကို နှိပ်လိုက်တဲ့ အောက်မှာ ပြထားသလို Page တက်လာပါလိမ့်မယ်။ အဲဒါဆိုရင် Click the Activate button အောက်မှာ ရှိတဲ့ လင့်ကို နှိပ်ပေးပါ။ ပြီးရင် ကျွန်တော်တို့ဆီကို Confirmation number ပါတဲ့ အီးမေးပို့လိုက်တယ်ဆိုပြီး Confirmation number ကို ထည့်ခိုင်းပါလိမ့်မယ်။ 


အဲလို Confirmation number တောင်းခဲ့ပြီဆိုရင် ကျွန်တော်တို့ရဲ့ အီးမေးထဲကိုဝင်လိုက်ပြီး Paypal ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်ပါ။ ပြီးရင်အောက်မှာ အနီရောင်လေးထောင့်ကွက်နဲ့ ပြထားတဲ့ နေရာက Confirmation number ကို ကူးယူလိုက်ပါ။


Confirmation number ကို ကူးယူပြီးရင် အောက်မှာပြထားတဲ့အတိုင်းထည့်ပြီးရင် Confirm ကိုနှိပ်ပေးပါ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အီးမေးကို Paypal အကောင့်အတွက် Confirm လုပ်လို့ ပြီးသွားပါပြီ။ ပြီးရင် Paypal အကောင့်ရဲ့ Password ကိုမေ့သွားခဲ့ရင် ပြန်ပြီးတော့ ရနိုင်ဖို့အတွက် Security မေးခွန်းနှစ်ခုကို ရွေးပေးပြီး ကိုယ်မှတ်မိမယ့် အဖြေနှစ်ခုကို ရိုက်ထည့်ပေးပါ။ အဖြေတွေကို မှတ်မိနေဖို့လိုပါတယ်။ ဒါမှသာ Password ကိုမေ့သွားခဲ့ရင် ပြန်ရနိုင်မှာပါ။ ပြီးရင် အောက်မှာ နိုင်ငံတစ်ခုကို အဆင်ပြေတာကို ရွေးပေးပြီး Submit ကို နှိပ်ပေးပါ။


အဲဒါပြီးရင် ကျွန်တော်တို့ Paypal အကောင့်ကို Verify ဖြစ်ဖို့အတွက် Credit card ကို ချိတ်ခိုင်းပါလိမ့်မယ်။ Credit card ရှိတဲ့သူတွေက တခါတည်းထည့်သွင်းပေးလို့ ရပါတယ်။ မရှိသေးဘူးဆိုရင် အောက်က Go to My account ကို နှိပ်လိုက်ပါ။ (Credit card နဲ့ချိတ်ပြီးတော့ Paypal အကောင့်ကို Verify လုပ်တာကို သီးသန့် ထပ်ရေးထားပါမယ်။)


Go to My Account ကို နှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အဲဒါဆိုရင် Paypal အကောင့်လုပ်တာ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။ (Verify တော့ မလုပ်ရသေးဘူးပေါ့။) အဲဒီမှာဆိုရင် အကောင့်မှာရှိတဲ့ ငွေပမာဏ နဲ့ Status မှာ Verify လုပ်ဖို့ ပြောထားတာကို တွေ့ရပါတယ်။


Verify လုပ်ပြီးတာနဲ့ မလုပ်သေးတာ ဘာကွာလဲဆိုတာကို Account Limits က View Limits ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
အောက်က ပုံကတော့ Verify မလုပ်ရသေးတဲ့ Paypal အကောင့်ပါ။ သူ့မှာ $650 အထိပဲ ငွေပေးပို့လို့ ရပြီးတော့ ငွေထုတ်တဲ့အခါမှာ တစ်လလုံးအတွက်ကို $650 အထိပဲ ထုတ်ယူလို့ ရပါတယ်။ 


အောက်ကပုံကတော့ Paypal အကောင့်ကို Verify လုပ်ထားပြီးသားပုံပါ။ သူ့မှာတော့ ငွေပေးပို့တာနဲ့ ငွေထုတ်တာအတွက် အကန့်အသတ်မရှိတော့ပါဘူး။


Verify လုပ်ပြီးတယ်ဆိုတာက ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Payment card ဒါမှမဟုတ် ဘဏ်အကောင့် တစ်ခုခုနဲ့ ချိတ်ထားပြီးတာကို ပြောတာပါ။ 

(ဘဏ်အကောင့် ဒါမှမဟုတ် Payment card ရှိတဲ့သူတွေအတွက် Verify ဘယ်လိုလုပ်တယ်ဆိုတာကို နောက်မှာ ထပ်ရေးပါမယ်။)

ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Verify မလုပ်ရသေးပေမယ့် ( ငွေပမာဏအပေါ်မှာ ကန့်သတ်ချက် ရှိတာကလွဲရင် )

၁။ PTC ဆိုဒ်တွေထဲက ငွေကို ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို လွှဲလို့ရပါတယ်။

၂။ Paypal အကောင့်ထဲမှာ ရောက်နေတဲ့ငွေကို အခြားသူတစ်ယောက်ရဲ့ Paypal အကောင့်ထဲကို လှမ်းလွှဲလို့ ရပါတယ်။

၃။ အခြားသူတစ်ယောက်ကနေ ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို လှမ်းပြီးလွှဲမယ်ဆိုရင် လက်ခံလို့ ရပါတယ်။

ကျွန်တော်တို့ရဲ့ Paypal အကောင့်ကို Verify လုပ်မထားတဲ့အတွက်

၁။ Paypal အကောင့်မှာ ဘဏ်အကောင့်နဲ့ ချိတ်မထားသေးတဲ့အတွက် ဘဏ်ဆီကို ငွေပို့ပြီး ငွေသားအဖြစ် ထုတ်ယူလို့ မရသေးပါဘူး။ 

ဖြေရှင်းရန်။ ။ အခြားချိတ်ထားပြီးသားသူဆီကို လှမ်းလွှဲပြီးတော့ အကူအညီတောင်းလို့ ရပါတယ်။

၂။ ကိုယ့် Paypal အကောင့်ထဲမှာ ငွေရှိတယ်ဆိုရင်တော့ အခြားကနေ ကိုယ်ကြိုက်တာကို အွန်လိုင်းကနေ ၀ယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Verify လုပ်မထား (ဘဏ်အကောင့် ဒါမှမဟုတ် Payment card နဲ့လည်း ချိတ်မထား)တဲ့အတွက် Paypal အကောင့်ထဲမှာ ငွေမရှိဘူးဆိုရင်တော့ အွန်လိုင်းကနေ ၀ယ်လို့ မရနိုင်ပါဘူး။ 

ဖြေရှင်းရန်။ ။ အခြားသူရဲ့ Paypal အကောင့်ထဲကနေ ကိုယ့်အကောင့်ထဲကို ငွေလွှဲခိုင်းပြီးတော့ ၀ယ်ယူလို့ ရပါတယ်။

၃။ ငွေပို့၊ ငွေထုတ်တဲ့ ငွေပမာဏအပေါ်မှာ ကန့်သတ်ချက်ရှိပါတယ်။

**** Update: တချို့ PTC ဆိုဒ်တွေကတော့ Verify လုပ်မထားရင် ငွေကို ဆိုဒ်ထဲကိုတောင် ထည့်ခွင့်မပေးပါဘူ။ ငွေထုတ်လို့ရင်လဲ Verify ဖြစ်မှ ရမယ်ဆိုတဲ့အကြောင်း Message တက်တက်လာပါတယ်။*****

makemoneywithptc2013.blog  မှကူးယူဖော်ပြသည်<<< Thank's

No comments:

Post a Comment