Sunday 25 January 2015

Direct Referral ရအောင် ဘယ်လိုလုပ်ရမလဲ (၂)

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကတော့ ငွေမကုန်ဘဲ DR ရနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အောက်မှာ ပြောတဲ့နည်းလမ်းတွေကတော့ ငွေအကုန်အကျ နည်းနည်းရှိပါတယ်။ DR ရတာရှိနိုင်သလို မရတာလဲ ရှိနိုင်ပါတယ်။

၁။ PTC ဆိုဒ်တွေကို ၀င်လိုက်တဲ့အခါမျိုးမှာ ၀င်းဒိုးအသေးလေးနဲ့ Banner တွေတက်တက်လာတာကို တွေ့ဖူးမှာပါ။ အဲဒါက ကိုယ်ရဲ့ Banner လင့်ကို ကြော်ငြာတာပါ။ ဆိုဒ်ကိုလာတဲ့သူတွေက နှိပ်မိပြီး register လုပ်မှ ကိုယ့်ဆီကို DR အနေနဲ့ရမှာပါ။ DR ရဖို့အခွင့်အရေးတော်တော် နည်းပါတယ်။ အဲဒီဆိုဒ်က Banner ကိုပဲ အဲဒီဆိုဒ်မှာပဲ ပြန်ပြီးတော့ မကြော်ငြာမိပါစေနဲ့။ ဒီဆိုဒ်ကို ၀င်တဲ့သူက ဒီဆိုဒ်မှာ အကောင့်လုပ်ထားပြီးသားဖြစ်လို့ပါ။ အခြားဆိုဒ်ရဲ့ Banner ကိုပဲ ကြော်ငြာချင်ကြော်ငြာနိုင်ပါတယ်။

၂။ PTC ဆိုဒ်တွေမှာ PTSU (Paid To Sing Up) အကောင့်လုပ်တယ်ဆိုရင် ငွေပေးတာတွေ ရှိပါတယ်။ သူရဲ့သဘောကို နည်းနည်းပြောပြချင်ပါတယ်။ ကိုယ်ကအဲဒီမှာ PTSU ထည့်ချင်တယ်ဆိုရင် ကိုယ်ရဲ့ referral လင့်ကို တင်ရပါတယ်။ ပြီးရင် ကိုယ်ရဲ့လင့်အောက်မှာ အကောင့်ဖောက်တယ်ဆိုရင် ငွေဘယ်လောက်ပေးမယ်ဆိုတာ ထည့်ပေးရပါတယ်။ ဒါပေမယ့် ငွေကိုတော့ ချက်ချင်းပေးစရာမလိုပါဘူး။ ကိုယ်က စည်းမျဉ်းတစ်ခု သတ်မှတ်နိုင်ပါတယ်။

ဥပမာအနေနဲ့ ကိုယ်ပေးတဲ့လင့်မှာ အကောင့်လုပ်ပြီးရင် တစ်ပတ်တိတိကြော်ငြာကြည့်ပြီးမှ ငွေဘယ်လောက်ပေးမယ်ဆိုပြီး စည်းကမ်းတစ်ခုပါ ထည့်ပေးရပါတယ်။ အခြားသူတစ်ယောက်က ကိုယ့်လင့်ရဲ့အောင်မှာ Register လုပ်တယ်ဆိုရင် ကိုယ့်ဆီကို သူ့အကောင့်နာမည်နဲ့ အီးမေးလိပ်စာကို ထည့်ပေးသွားပါလိမ့်မယ်။ ကိုယ်က အဲဒီအကောင့်က ကြော်ငြာတွေကို ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းကြည့်လားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။

ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းလုပ်ခဲ့တယ်ဆိုရင် ငွေပေးရပါမယ်။ တကယ်လို့ ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းမလုပ်ဘဲ အကောင့်သာလုပ်သွားပြီး ကြော်ငြာတွေကို မကြည့်ဘူးဆိုရင် ငွေကို မပေးဘဲ ငြင်းပိုင်ခွင့်ရှိပါတယ်။ သူကလည်း ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းပြည့်သွားလို့ ငွေရပြီးသွားရင် ဆက်ပြီးတော့ ကြော်ငြာကြည့်ချင်မှ ကြည့်ပါလိမ့်မယ်။ အဲဒါကတော့ သူ့ရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့် သူ့ကို ပေးရမယ့်ငွေနဲ့ သူ့ဆီကနေ ပြန်ရမယ့်ငွေကို ချိန်ပြီး စည်းကမ်းတစ်ခု သတ်မှတ်ပြီး ကိုယ်တိုင် PTSU မှာ ကိုယ့်လင့်ကို ကြော်ငြာနိုင်ပါတယ်။

၃။ ကိုယ်ရဲ့ Referral လင့်ကိုလည်း PTC ဆိုဒ်တွေမှာ ကြော်ငြာအဖြစ်ထည့်နိုင်ပါတယ်။ ကြော်ငြာဖို့အတွက် ကြော်ငြာတစ်ခုကို အရင်လုပ်ရပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့်ကြော်ငြာနာမည်၊ အဲဒီကြော်ငြာအကြောင်းကို အကျဉ်းချုပ်ရယ်၊ ပြီးရင် ကိုယ်ရဲ့ referral လင့်ရယ်ကို ထည့်ပေးရပါတယ်။ ကြော်ငြာတစ်ခု လုပ်လိုက်ပြီးဆိုရင် အဲဒီ ကြော်ငြာကို PTC ဆိုဒ်က အရင်စစ်ဆေးပါတယ်။

သူတို့အတည်ပြုပြီးလို့ ကြော်ငြာခွင့်ရတယ်ဆိုရင် ကလစ်အရေအတွက်ကို ၀ယ်ရပါမယ်။ ကြော်ငြာအမျိုးအစား၊ ကြော်ငြာကြည့်ဖို့အတွက် ကြာချိန်ရယ်၊ ကြော်ငြာကြည့်တဲ့သူနေတဲ့ နိုင်ငံရယ်ကို ကန့်သတ်လို့ ရ၊မရ ပြီးတော့ ကိုယ်ဝယ်ချင်တဲ့ ကလစ်အရေအတွက် ပေါ်မူတည်ပြီး ဈေးနှုန်းက ကွာသွားပါတယ်။ ပြီးရင် အဲဒီကြော်ငြာကို ကိုယ်ကကြော်ငြာလိုက်ပေါ့။ တကယ်လို့ ကိုယ်ကြော်ငြာကို ကလစ်မိပြီး အခြားသူက အကောင့်လာလုပ်မယ်ဆိုရင် ကိုယ့်ဆီကို DR အနေနဲ့ ရောက်လာပါလိမ့်မယ်။ ကိုယ်ရဲ့ Referral လင့်မှ မဟုတ်ပါဘူး။ ကိုယ်ကြော်ငြာချင်တာကို ကြော်ငြာလို့ ရပါတယ်။ ကိုယ့်ဘလော့ကို ကြော်ငြာချင်တယ်ဆိုလဲ ရပါတယ်။

Make Money With PTC Blog မှကူးယူဖော်ပြသည် <<< Thank's

No comments:

Post a Comment