Sunday 28 December 2014

Bitcoin Mining အခြေခံ


Bitcoin mining တူးဖို့အတွက်ကတော့ အဓိက Hardware ( ၃ ) မျိုးရှိတယ် ။ အဲတာတွေကတော့ GPUs , FPGAs , ASCIs ဆိုပီးတော့ ။
အဲမှာမှ မပါမဖြစ်ကတော့
Computer ပဲပေါ့ ။ Computer က CPU ရဲ့ ပါဝါကို အသုံးပြုပြီး Mining လုပ်ရတာဆိုတော့
CPU ပါဝါတစ်ခုထဲနဲ့ဆိုရင် အခုချိန်မှာ အရမ်း speed နှေးသွားပီး ။ အဲတော့မြန်အောင် Graphic Card ကောင်းကောင်းတွေ တပ်ပီးတော့တူးကြတယ် ။
အဲတာကြောင့် တနည်းအားဖြင့် CPU / GPU Mining လုပ်တယ်လို့ခေါ်တယ်လေ ။ Graphic Card ကိုအသုံးပြုရတာကတော့ Hash rate မြင့်ဖို့အတွက်ပဲ ။ Hash rate ဆိုတာကတော့ Mining
section တွေမှာ သချာင်္ဆိုင်ရာပြသနာတွေကို Per / sec တိုင်းမှာ အလျင်အမြန်တွက်ထုတ်နိုင်တဲ့နှုန်း ဖြစ်တယ် ။
အဲဒီနှုန်းတွေကို megahashes, gigahashes, and terahashes per second (MH/sec, GH/sec, and TH/sec ဆိုပီးတော့ တိုင်းတယ် .. Hash rate မြင့်လေလေ သချာင်္ဆိုင်ရာပြသနာ Block transaction
တွေကိုဖြေရှင်းနိုင်တာမြန်ပီးတော့ Bitcoin အရများမယ်လေ။
CPU / GPU Mining မှာ CPU ဆိုတာကတော့ Central Processing Unit လို့ခေါ်တဲ့ ကွန်ပျူတာရဲ့ ဦးနှောက်လို့တင်စားခေါ်ထားတာဖြစ်ပီး GPU ကတော့ graphical processing unit လို့ခေါ်တဲ့ Graphic Card ကိုခေါ်တာလေ။ Graphic Card မှာလူသိများတဲ့ Brand တွေကတော့ ATI နဲ့ Nvidia ဆိုပီး ၂ ခုရှိတယ် ။ Hash rate မြင့်တဲ့ Card တွေကတော့ ဒေါ်လာရာကျော်ဈေးပေါက်တယ် ။
FPGAs Mining ဆိုတာကတော့ Field Programmable Gate Array ကိုခေါ်တာဖြစ်တယ် ။ အဲတာက Circuit ပုံစံနဲ့ထုတ်ထားတဲ့ Chipset ပေါ့ ။ အဲဒီ Circuit Board တွေကို Box တစ်ခုထဲမှာ တစ်ခု ( သို့ ) တစ်ခုထက်ပိုတပ်ဆင်ပီး သုံးနိုင်တယ် ။
စွမ်းအင်အမြင့်ဆုံး Chipset တစ်ခုက 750 megahashes / sec လောက် ရှိတယ်။
ASCIs Mining ဆိုတာက Application Specific Integrated Circuits ကိုခေါ်တာဖြစ်တယ် ။ အဲတာက ပါဝါစားတာသက်သာတယ် . ( electricity ) ။ အဲဒီ Circuit ကို အချိန်ယူပီးထုတ်ရတော့ဈေးကြီးတယ် ။
ဒါပေမဲ့ သူ့ရဲ့ speed ကတော့ 500 gigahashes / sec လောက်ရှိတယ်။ ဒါတွေကတော့ သိသလောက်အကြမ်းဖျင်းဖြစ်တယ်။
ကျနော်တို့နဲ့ လက်လှမ်းမှီတာကတော့ GPUs mining ပဲ ။ CPU ကောင်းကောင်းလေးနဲ့ Graphic Card ကောင်းကောင်းလေးလောက်ရှိရင် Mine စတူးလို့ရပီ။
Mine စတူးမယ်ဆိုရင်
( ၁ ) ကိုယ်တူးမဲ့ Bitcoin client ( မိုင်းတွင်း)
( ၂ ) Bitcoin client လက်ခံတဲ့ software ( မိုင်းတွင်းက website မှာ download လုပ်လို့ရတယ် ) ။
( ၃ ) Mine တူးဖို့ ဆင်ထားတဲ့ computer
ဒါဆိုအလုပ်စလို့ရပီ ။
Mine မတူးခင်တော့ ကိုယ်ဆင်ထားတဲ့စက်ရဲ့ပါဝါနဲ့ Bitcoin ရနှုန်းလေးကိုတော့ Internet မှာရှာပီးလေ့လာကြည့်ပါ။

Bago Thu Facebook မှကူးယူဖော်ပြသည်<<<Thank's

PTC ဆိုတာ ဘာပါလိမ့်


PTC = Paid To Click
******************
မြန်မာလိုဘာ သာ ပြန်ရင် ကြော်ညာကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။
အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။
ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့
သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။
ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့ နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook, အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့ အဲ့ဒိ Social ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။
ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး။
အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊ အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊။
ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊ ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊
ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊
ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ သဘောတရားဖြစ်ပါတယ်။
ဒါကြောင့် ယနေ့အခုအခါမှာ facebook စတဲ့ social ဆိုဒ်တွေမှာ ကြော်ညာခြင်း ၊ ကြော်ညာကြည့်ခြင်း အပြင် PTC site တွေမှာ ကြော်ညာထည့်ခြင်း ၊ ကြော်ညာကြည့်ခြင်း လုပ်ငန်းများဟာလည်း နိုင်ငံတကာကသာမက မြန်မာနိုင်ငံမှာလည်း တွင်ကျယ်လာနေပါပြီ ။ ။