Sunday 11 January 2015

ငွေကြေးလဲလှယ်နှုန်း အတတ်အကျ ချတ် Charts အမျိုးအစားများ


    ငွေကြေးအတက်အကျကို ချတ် Charts အမျိုးအစား ၃ မျိုးနဲ့ ဖေါ်ပြလေ့ရှိပါတယ်။
    
    1) လိုင်းချတ် Line Charts

    ဒီအမျိုးအစားကတော့ ရွေးချယ်ထားတဲ့ အချိန်ပိုင်းတခုအတွင်းမှာ အချိန်ပိုင်းတခုအတွင်း နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ငွေလဲလှယ်နှုန်းနဲ့ သူ့ရဲ့နောက်က အချိန်ပိုင်းအတွင်း နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ငွေလဲလှယ်နှုန်းတို့ကို မျဉ်းတကြောင်းနဲ့ ဆက်သွယ်ထားခြင်းဘဲဖြစ်ပါတယ်။
    ရှိသမျှအချိန်ပိုင်းအားလုံးကို ဒီနည်းနဲ့ ဆက်သွယ်လိုက်တဲ့အခါ ငွေကြေး တစုံရဲ့ အတက်အကျ သွားရာလမ်းကြောင်းကို အောက်ပါ ချတ် တခုအနေနဲ့မြင်ရမှာ ဖြစ်ပါတယ်။

2) ဘားချတ် Bar Charts

    ဒီအမျိုးအစားကတော့ လိုင်းချတ်အမျိုးအစားထက် နဲနဲပိုရှုပ်သလို အချိန်ပိုင်းတခုကို ဒေါင်လိုက်မျဉ်းတကြောင်းနဲ့ ကိုယ်စားပြုပြီး အတွင်းမှာ အသေးစိတ်အချက်အလက်တွေ ဖြစ်တဲ့ ပထမဆုံးနဲ့ နောက်ဆုံး လဲလှယ်နှုန်းများ၊ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး လဲလှယ်နှုန်းများတို့ ပါဝင်ပါတယ်၊ 

ဟင်..... မင်းပြောတော့ အသေးစိတ်လဲလှယ်နှုန်းတွေ ပါတယ်ဆို.......
ဘယ်မှာလဲဟ?............

    ဘားချတ်ရဲ့ အချိန်ပိုင်းတခုကို ကိုယ်စားပြုတဲ့ ဒေါင်လိုက်မျဉ်းတကြောင်းကို သေချာကြည့်မယ်ဆိုရင် အဲဒီအချိန်ပိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို အောက်ပါပုံအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်။
HIGH = အမြင့်ဆုံး လဲလှယ်နှုန်း
CLOSE = နောက်ဆုံး လဲလှယ်နှုန်း
OPEN = အစဆုံး လဲလှယ်နှုန်း
LOW = အနိမ့်ဆုံး လဲလှယ်နှုန်း တို့ဖြစ်ပါတယ်။

3) ဖရောင်းတိုင်ချတ် Candlesticks Charts

    ဖရောင်းတိုင်ချတ်ကတော့ လူကြိုက်အများဆုံး ချတ်တခုဖြစ်ပါတယ်၊ ဒီချတ်မှာ ပါရှိတဲ့ အသေးစိတ်အချက်အလက်တွေဟာလဲ ဘားချတ်တခုမှာ ပါရှိတဲ့ အချက်အလက်တွေနဲ့ အတူတူပဲဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်ထည်မှာ သက်ဆိုင်တဲ့အရောင်တွေ ထည့်ထားနိုင်တာမို့ ပိုကြည့်ကောင်းပြီး အချိန်ပိုင်းအခုအတွင်းမှာ တက်သွားခဲ့လား၊ ကျသွားခဲ့လားဆိုတာ အလွယ်တကူခွဲခြားနိုင်ပါတယ်။

    ဖရောင်းတိုင်ချတ် တခုရဲ့ ကိုယ်ထည်တခုကို အနီးကပ်ကြည့်မယ်ဆိုရင်တော့ အောက်ပါပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်၊ ဒီပုံမှာအချိန်ပိုင်းတခုအတွင်း လဲလှယ်နှုန်းတက်ခဲ့ရင် အစိမ်းရောင်နဲ့ ကိုယ်စားပြုထားပြီး၊ လဲလှယ်နှုန်းကျခဲ့ရင် အနီရောင်နဲ့ ကိုယ်စားပြုထားတဲ့အတွက် အဲဒီအချိန်ပိုင်းအတွင်းမှာ တက်သွားခဲ့လား၊ ကျသွားခဲ့လားဆိုတာ ကြည့်လိုက်ရုံနဲ့ အလွယ်တကူ ပြောနိုင်ပါတယ်။
HIGH = အမြင့်ဆုံး လဲလှယ်နှုန်း
CLOSE = နောက်ဆုံး လဲလှယ်နှုန်း
OPEN = အစဆုံး လဲလှယ်နှုန်း
LOW = အနိမ့်ဆုံး လဲလှယ်နှုန်း
UPPER SHADOW = အပေါ်ပိုင်း မီးဇာ (အပေါ်ဘက်တွင် လဲလှယ်နှုန်းလွန်ဆွဲမှု) 
LOWER SHADOW = အောက်ပိုင်း မီးဇာ (အောက်ဖက်တွင် လဲလှယ်နှုန်းလွန်ဆွဲမှု)
REAL BODY = အစဆုံးအချိန်နဲ့ နောက်ဆုံးအချိန်ကြား တကယ့် အတက်၊အကျ ခြားနားချက်

ကိုဗွီနိုင် ဘလော့(ဂ်)မှ ကူးယူဖော်ပြပါသည်။
http://myanmarforextradingeducation.com<<<Thank's

No comments:

Post a Comment