FOREX ငွေကြေးရောင်းဝယ်ေ၇း ဆိုတာ အလွယ်ဆုံးပြောရရင် "ငွေကြေး တစ်ခုမှ မတူတဲ့ တစ်ခြားငွေကြေး တစ်ခုကို လှဲလှယ်ခြင်း" ပဲ ဖြစ်ပါတယ်။
နိုင်ငံ၇ပ်ခြားကို ခရီးသွားသူတိုင်း ငွေကြေးလဲလှယ်ပေးတဲ့ ကောင်တာတခုကို၇ှာပြီး အဲဒီနိုင်ငံရဲ့ ငွေကြေးကိုလဲလှယ်ထားမှသာ အဲဒီမှာ နေထိုင်သုံးစွဲဘို့ အဆင်ပြေမှာဖြစ်ပါတယ်။
အဲဒီလို ငွေးကြေးလှဲလှယ်လိုက်ခြင်းဟာ သင်ကိုယ်တိုင် Forex ငွေကြေး အရောင်းအ၀ယ် လုပ်ငန်းထဲမှာ တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်နေပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ငွေကြေး တစ်ခုမှ မတူတဲ့ တစ်ခြားငွေကြေး တစ်ခုကို လှဲလှယ်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။
ဥပမာ......သင်ဂျပန်ပြည်ကိုသွားတယ်ဆိုပါစို့! ငွေကြေးလှဲလှယ်ဖို့ ကောင်တာကိုသွားတဲ့အခါ ကွဲပြားတဲ့လှဲလှယ်မှု နှုန်းတွေကို ငွေကြေးအသီးသီးအတွက် တွေ့၇မှာ ဖြစ်ပါတယ်။ ဂျပန်ယန်း လှဲလှယ် နှုန်းကို ကိုတွေ့လိုက်၇င်.... အား! ၁ ဒေါ်လာကို ယန်းတစ်ရာတောင် ၇မှာပါလား! "င့ါမှာ ဒေါ်လာတစ်သောင်းရှိတယ်ဆိုတော့ ငါတော့ မီလျံနာဖြစ်ပြီ” ဆိုပြီးတော့တောင် တွေး၇င်တွေးမိမှာဖြစ်ပါတယ်။
အကြောင်းကိစ္စပြီးစီးလို့ မိမိတိုင်းပြည်ကိုပြန်တော့မယ်ဆို၇င် လက်ကျန်ဂျပန်ယမ်းငွေကို ဒေါ်လာပြန်လဲ၇မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သင်သတိထား မိမှာကတော့ ငွေကြေးလှဲလှယ်မှုနှုန်းဟာ သင်လဲလှယ်ခဲ့တဲ့အချိန်နဲ့ မတူတော့ဘူး ဆိုတာပါပဲ။
အဲဒီလို ငွေကြေးလှဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ေ၇းဈေးကွက်ထဲမှာ အကျိုးစီးပွား ၇ှာနိုင်ဖို့ အခွင့်အေ၇းတစ်ခု ပေးနေတယ်ဆိုတာ “သိသူဖော်စား မသိသူကျော်သွား” ဆိုတဲ့ မြန်မာစကားပုံ အတိုင်းပါပဲ။
“Forex” သို့မဟုတ် “FX” လို့ သိထားကြတဲ့ ငွေကြေးအရောင်းအ၀ယ် ဈေးကွက်ဟာ ကမ္ဘာမှာ အကြီးဆုံးနဲ့ ခေတ်အမှီဆုံး ဈေးကွက်ကြီးတစ်ခုပါပဲ။တနေ့ကို ဒေါ်လာ သန်းပေါင်း-လေးသန်း $4 Trillion အရောင်းအ၀ယ်ရှိတဲ့ “Forex” ငွေကြေးအရောင်းအ၀ယ်ဈေးကွက်နဲ့ ယှဉ်လိုက်တဲ့အခါ တနေ့မှာ ဒေါ်လာသန်းပေါင်း ၇၄၀၀၀ $74 Billion သာရှိတဲ့ တချိန်က ကြော်ကျားခဲ့တဲ့ စတော့၇ှယ်ယာ ဈေးကွက်ဟာ ကလေးလေးတစ်ယောက်လိုသာ ဖြစ်သွားပါတော့တယ်။
ငွေကြေးအရောင်းအဝယ်လုပ်ငန်းကို သင်တကယ် ကျွမ်းကျင်သွားပြီ ဆိုရင်တော့ သင့်ဘဝနေထိုင်မှု အတွက် ပူစရာမလိုတော့သလို တချိန်မှာ မီလျံနာတယောက် ဖြစ်လာဖို့ ဆိုတာလဲ မခဲယဉ်းတော့ပါဘူး။
ဒါပေမယ့် အောင်မြင်တဲ့ ငွေကြေးကုန်သည်တယောက် ဖြစ်ချင်၇င် သင်ဟာလိုက်နာရမယ့် ဥပဒေသတွေကိုတော့ တကယ့်ကို တိကျစွာ လိုက်နာရမှာ ဖြစ်ပါတယ်။
တနေ့ကို ဒေါ်လာ သန်းပေါင်း-လေးသန်း $4 Trillion အရောင်းအ၀ယ်ရှိတဲ့ ငွေကြေးဈေးကွက်ပါ......
၂) ဘာတွေကို ဘယ်လို အရောင်းအဝယ် လုပ်မှာလဲ?
အ၇ှင်းဆုံးအဖြေကတော့ “ငွေကြေး” ကို အရောင်းအ၀ယ်လုပ်မှာပါ။
ပြီးတော့ မိမိအိမ်ကနေပြီး အင်တာနက်ကွန်နက်ရှင်နဲ့ အရောင်းအ၀ယ်လုပ်မှာပါ။
စတော့ ဈေးကွက်မှာ ၇ှယ်ယာဝယ်တယ်ဆိုတာဟာ အလားအလာရှိတဲ့ ကုမ္ပဏီ တစ်ခုမှာ ၇င်းနှီးမြှုပ်နှံလိုက်တာဖြစ်သလို နိုင်ငံတစ်ခုရဲ့ ငွေကြေးကိုဝယ်တယ်ဆိုတာဟာလဲ အလားအလာရှိတဲ့ နိုင်ငံတစ်ခုမှာ ၇င်းနှီးမြှုပ်နှံလိုက်တာပါပဲ။
အကြမ်းအားဖြင့် နိုင်ငံ ၂ နိုင်ငံရဲ့ ငွေကြေးလှဲလှယ်မှုနှုန်းဟာ အဲဒီ ၂ နိုင်ငံလုံးရဲ့ စီးပွားေ၇းအခြေအနေပေါ်မှာ မူတည်ပြီးပြောင်းလဲနေပါတယ်။ အဓိကနိုင်ငံတွေရဲ့ ငွေကြေး သင်္ကေတ လေးတွေကိုတော့ အင်္ဂလိပ်လို သင်သိထား၇မှာဖြစ်ပါတယ်။
အဓိက ငွေကြေးများ
သင်္ကေတ နိုင်ငံ ငွေကြေး နာမည်ပြောင်
USD အမေရိကန် ဒေါ်လာ Buck
EUR ဥရောပ အဖွဲ့ ယူရို Fiber
JPY ဂျပန် ယန်း Yen
GBP ဗြီတိန် ပေါင် Cable
CHF ဆွစ်ဇာလန် ဖ၇န်(စ်) Swissy
CAD ကနေဒါ ဒေါ်လာ Loonie
AUD သြစတြေးလျ ဒေါ်လာ Aussie
NZD နယူးဇီလန် ဒေါ်လာ Kiwi
ရွှေ၊ ငွေ နဲ့ ရေနံ တွေကိုလဲ ငွေကြေးနည်းတူ မိမိအိမ်ကနေပြီး အင်တာနက်ကွန်နက်ရှင်နဲ့ ရောင်းဝယ်နိုင်ပါတယ်။
အိမ်ကနေ အောင်မြင်တဲ့ စီးပွားရေး လုပ်ကြရအောင်!
၃) ငွေကြေးများကို အစုံ/ အတွဲ လိုက်အရောင်းအ၀ယ်လုပ်ခြင်း
ငွေကြေးအရောင်းအ၀ယ်လုပ်ခြင်းဆိုတာ တစ်ချိန်ထဲမှာ နိုင်ငံတစ်ခုရဲ့ငွေကြေးကိုရောင်းပြီး အခြားနိုင်ငံတစ်ခုရဲ့ငွေကြေးကိုဝယ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစုံလိုက် အရောင်းအ၀ယ် လုပ်ကြ၇ပါတယ်။
ဥပမာ.... ယူရိုနဲ့ အမေရိကန်ဒေါ်လာ အစုံကို EUR/USD နဲ့ ဖော်ပြပြီး ဗြိတိန်ပေါင်နဲ့ ဂျပန်ယန်း အစုံကို GBP/JPY နဲ့ ဖော်ပြပါတယ်။
အရောင်းအ၀ယ်လုပ်ရာမှာ မိမိနှစ်သက်ရာ အစုံကို ရောင်း ”sell” သို့မဟုတ် ၀ယ် “buy” လုပ်၇ပါတယ်။ ငွေကြေးလှဲလှယ်မှုနှုန်းထားဟာ အဲဒီအချိန်မှာ ဘယ်ငွေကြေးက ပိုပြီး ခိုင်မာသလဲ ဆိုတဲ့အပေါ် မူတည်ပြီးပြောင်းလဲနေပါတယ်။
အဓိက ငွေကြေးအတွဲများ
အမေရိကန် ဒေါ်လာ ပါတဲ့ အတွဲတွေကို အဓိက ငွေကြေးအတွဲများလို့ခေါ်ပါတယ်။
အစုံ/အတွဲ သက်ဆိုင်ရာနိုင်ငံများ အခေါ်အဝေါ်
EUR/USD ဥရောပ အဖွဲ့ / အမေရိကန် ယူရို - ဒေါ်လာ
USD/JPY အမေရိကန် / ဂျပန် ဒေါ်လာ - ယန်း
GBP/USD ဗြိတိန် / အမေရိကန် ပေါင် - ဒေါ်လာ
USD/CHF အမေရိကန် / ဆွစ်ဇာလန် ဒေါ်လာ - ဆွစ်ဇီ
USD/CAD အမေရိကန် / ကနေဒါ ဒေါ်လာ - လုံနီ
AUD/USD သြစတြေးလျ / အမေရိကန် အော်ဇီ- ဒေါ်လာ
NZD/USD နယူးဇီလန် / အမေရိကန် ကီဝီ - ဒေါ်လာ
မှတ်ချက်။ ။ ဥရောပ အဖွဲ့တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်ပါသည်။
အတွဲလိုက် ရောင်းဝယ်ရမှာပါ...........
အခြား အရောင်းအ၀ယ်များသော ငွေကြေးအတွဲများ
အမေရိကန် ဒေါ်လာမပါတဲ့ အတွဲတွေကို အခြား ငွေကြေးအတွဲများလို့ခေါ်ပါတယ်။
ယူရို အတွဲများ (တကယ်ယူရန် တွဲကြ သူများ)
အစုံ/အတွဲ သက်ဆိုင်ရာနိုင်ငံများ အခေါ်အဝေါ်
EUR/CHF ဥရောပ အဖွဲု့/ ဆွစ်ဇာလန် ယူရို - ဆွစ်ဇီ
EUR/GBP ဥရောပ အဖွဲ့ / ဗြိတိန် ယူရို - ပေါင်
EUR/CAD ဥရောပ အဖွဲ့ / ကနေဒါ ယူရို - လုံနီ
EUR/AUD ဥရောပ အဖွဲ့ / သြစတြေးလျ ယူရို - အော်ဇီ
EUR/NZD ဥရောပ အဖွဲ့ / နယူးဇီလန် ယူရို - ကီဝီ
ယန်း အတွဲများ (အရမ်းကာရော တွဲကြ သူများ)
အစုံ/အတွဲ သက်ဆိုင်ရာနိုင်ငံများ အခေါ်အဝေါ်
EUR/JPY ဥရောပ အဖွဲ့ / ဂျပန် ယူရို - ယန်း
GBP/JPY ဗြိတိန်ု / ဂျပန် ပေါင် - ယန်း
CHF/JPY ဆွစ်ဇာလန် / ဂျပန် ဆွစ်ဇီ - ယန်း
CAD/JPY ကနေဒါ / ဂျပန် လုံနီ - ယန်း
AUD/JPY သြစတြေးလျ / ဂျပန် အော်ဇီ - ယန်း
NZD/JPY နယူးဇီလန် / ဂျပန် ကီဝီ - ယန်း
ပေါင် အတွဲများ (ပေါင်နှံကာ တွဲကြ သူများ)
အစုံ/အတွဲ သက်ဆိုင်ရာနိုင်ငံများ အခေါ်အဝေါ်
GBP/CHF ဗြိတိန်ု / ဆွစ်ဇာလန် ပေါင် - ဆွစ်ဇီ
GBP/AUD ဗြိတိန်ု / သြစတြေးလျ ပေါင် - အော်ဇီ
GBP/CAD ဗြိတိန်ု / ကနေဒါ ပေါင် - လုံနီ
GBP/NZD ဗြိတိန် / နယူးဇီလန် ပေါင် - ကနေဒါ
အခြား အတွဲများ (စည်းခြားပြီး တွဲကြသူများ)
အစုံ/အတွဲ သက်ဆိုင်ရာနိုင်ငံများ အခေါ်အဝေါ်
AUD/CHF သြစတြေးလျ / ဆွစ်ဇာလန် အော်ဇီ - ဆွစ်ဇီ
AUD/CAD သြစတြေးလျ / ကနေဒါ အော်ဇီ - လုံနီ
AUD/NZD သြစတြေးလျ / နယူးဇီလန် အော်ဇီ - ကီဝီ
CAD/CHF ကနေဒါ / ဆွစ်ဇာလန် လုံနီ - ဆွစ်ဇီ
NZD/CHF နယူးဇီလန် / ဆွစ်ဇာလန် ကီဝီ - ဆွစ်ဇီ
NZD/CAD နယူးဇီလန် / ကနေဒါ ကီဝီ - လုံနီ
ကိုဗွီနိုင် ဘလော့(ဂ်)မှကူးယူဖော်ပြသသည်။
http://myanmartradingeducation.com<<<Thank's
No comments:
Post a Comment